၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် သုတပဒေသာ စာစောင်၌ ကလေးစာပေဖွံ့ဖြိုးရေး (မျက်နှာဖုံးဆောင်းပါး) တွင် ကလေးတို့ရေ စာဖတ်ရအောင်၊ ကလေးများအတွက် စာပေ၊ ကလေး စာပေကုထုံး၊ ကလေးများအတွက် စာပေခွန်အားမြှင့်တင်ရေး၊ ကလေးစကား အလေးထား လေးစားမှုပြုကာ နားထောင်ပါ၊ ကဗျာကဏ္ဍတွင် ခန္တီရှင်၊ ရွေးကောက်ပွဲ ဆိုင်ရာကဏ္ဍတွင် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုနည်းစနစ်များ၊ ပါတီနှင့်ပြည်သူ မည်သူ့ကို ကြည့်မှာလဲ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် စိတ်အားထက်သန်မှုဖြင့်၊ အောင်မြင်ချင်လျှင် ဆုံးဖြတ်ချက် မလောနှင့်၊ တစ်သီးပုဂ္ဂလ၀ါဒနှင့် တစ်ပုံစံတည်းဖြစ်ခြင်း၊ ကောင်းမွန်သော ဘ၀နေထိုင်နည်း၊ အောင်မြင်သော လုပ်ငန်းခွင်တို့၏ လျှို့ဝှက်ချက်၊ ထူးချွန်ဆိုင်ရာကဏ္ဍတွင် မျက်မှန်တစ်လက် တစ်ဒေါ်လာ၊ အားလုံးကို ကျော်ဖြတ်ခဲ့ပြီ၊ လူငယ်ဆိုင်ရာကဏ္ဍတွင် လူငယ်တို့အတွက် လူ့အခွင့်အရေး၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် SME များ၏ထုတ်ကုန်ဈေးကွက်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် သိပ္ပံပညာ ရာဇ၀င်သမိုင်း၊ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းယာဉ်၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပါရီ ရာသီဥတုသဘောတူညီချက်၊ ညမင်းသား လင်းနို့၊ ကာဗွန်သံသရာ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် အနောက်ကမ္ဘာခြမ်းမှ မူးယစ်မှောင်ခိုမှုများ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၈၂)၊ အရိုး အစားထိုးကုသခြင်း၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် မုဆိုးနှင့် သားကောင်တို့၏ အားပြိုင်ပွဲ၊ မေမေ့ဇွဲမာန်၊ မီးခိုးထဲက သူရဲကောင်း၊ ၀တ္ထုတိုကဏ္ဍတွင် စခန်းမြိုင်ခြေ လွမ်းဂနိုင်ဗွေ၊ အထွေထွေကဏ္ဍတွင် ပြုံးစရာ၊ ဖတ်သမျှ ဒဿနတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။