၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလထုတ် သုတပဒေသာစာစောင်၌ လူမှုကွန်ရက် အလွဲသုံးမှု သတိပြု (မျက်နှာဖုံး ဆောင်းပါး)တွင် လူမှုကွန်ရက် အလွဲသုံးမှု သတိပြု၊ သတိပြုဆင်ခြင်ဖွယ် လူမှုကွန်ရက် အလွဲသုံးမှုအန္တရာယ်၊ လူမှုကွန်ရက်ကို အကျိုးရှိအောင် သုံးစွဲကြစေရေး၊ ကဗျာကဏ္ဍတွင် နုရွသောခြေလှမ်းနှင့် ကညာပျိုလေး၊ လူမိုက်နှင့်ပညာ အတူ မနေပါ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် တစ်မူထူးအောင် ဖန်တီးပါ၊ ထုတ်ကုန်တစ်ခုကို လျှို့ဝှက်စွာ တည်ဆောက်ခြင်း၊ ပိုနေမြဲ ကျားနေမြဲ အနေအထားအသစ်ကို ဖန်တီးပေးခြင်း၊ ပစ္စုပ္ပန်မှာနေ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ပင်လယ်ကြမ်းပြင်ပေါ်သို့ တိုးချဲ့သွားမည့် စင်ကာပူနိုင်ငံ၊ အမေရိကန်၏ မဆုံးနိုင်သောစစ်ပွဲ၊ လာအိုနိုင်ငံနှင့် စစ်ကြွင်းစစ်ကျန် သေမင်းတမန်များ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေးလုပ်ငန်းတွင် ယှဉ်ပြိုင်မှုကို ဆန်းစစ်အကဲဖြတ်ပါ၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာကဏ္ဍတွင် ပလတ်စတစ်စားမည့် ပိုးတစ်မျိုး စမ်းသပ်တွေ့ရှိခြင်း၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သဘာ၀ဘေးအန္တရာယ် များတဲ့လား၊ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့၊ အဆိပ်သင့်နေသည့် ကမ္ဘာ့မြစ်ကြီးများ၊ အာတိတ်ရေခဲနှင့် တောမီး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် သောကကို ခဝါချခြင်း၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၁၈)၊ လူမှုရေးဆိုင်ရာကဏ္ဍတွင် သားသမီးပြုစု ပျိုးထောင်ခြင်း နည်းလမ်းနှစ်သွယ်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဖေဖေဝက်ဝံ၊ အနှိုင်းမဲ့ လက်ဆောင်မွန်၊ ၀တ္ထုတိုကဏ္ဍတွင် ကိုယ့်စေတနာ ကိုယ့်အကျိုးပေး၊ ဘ၀သင်ခန်းစာ၊ ချစ်သောနှင်းဆီ၊ အထွေထွေကဏ္ဍတွင် ဖတ်သမျှ ဒဿန၊ နေရာသစ်၏ နိယာမ၊ နို့တိုက်သတ္တဝါများ မျိုးသုဉ်းရန် အချိန်နီးကပ်၊ မဟာသမုဒ္ဒရာရှိ လျှို့ဝှက်ဆန်းကြယ်မှုများနှင့်ဟာသတို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန်စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။