၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အတွဲ (၄၈)၊ အမှတ်(၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ '' လူမှုမီဒီယာ၏အခန်းကဏ္ဍ'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် လူမှုဘဝများ အပေါ် အကျိုးသက်ရောက်မှုကြီးသော လူမှုမီဒီယာ၊ Facebook ပြတင်းတံခါးမှ ကမ္ဘာကြီးကို ကြည့် မြင်ခြင်း၊ ကိုဗစ်ကာလနှင့် လူမှုမီဒီယာ၊ ယနေ့လူမှုနေ့စဉ်ဘဝထဲက ဆိုရှယ်မီဒီယာ၊ အတွေးအခေါ် နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ပြောသည့်အတိုင်း လုပ်သည့်အခါ၊ အကောင်းမြင်သမား ဖြစ်ပါစေ၊ စဉ်းစားဖို့ အချိန်မယူပါနှင့်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် နှစ်၁၀၀ပြည့်များနှင့် ၂၀၂၀ပြည့်နှစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မသန်စွမ်းသူတို့အရေး၊ အမုန်းစကား တားဆီးကာကွယ်ရေး၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရေကိုအလေးထားပါ၊ တန်ဖိုးထားပါ၊ လန်ဒန်မြို့ပေါ်က ဧရာမမြူထု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် စတုတ္ထစက်မှုတော်လှန်ရေး၊ ရုရှားနိုင်ငံ၏ လက်နက်သစ်များ၊ ဒရုန်းစနစ် လယ်ယာလုပ်ငန်းနည်းပညာ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဦးနှောက်ပိုကောင်းစေရန် တည်ဆောက်နည်း၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၀)၊ ကျန်းမာရေးကို ဒုက္ခပေးသော ခြင်အန္တရာယ်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကယ်ကြပါဦး...ရှင့်၊ ကောင်းကင်နှစ်ထပ်နှင့် ကမ္ဘာ၊ ဝတ္ထုတိုကဏ္ဍတွင် သိုးထိန်းသည်၏ သမီး၊ အထွေထွေကဏ္ဍတွင် အသိတရားနဲ့ ဝတ္တရား၊ ဖတ်သမျှ ဒဿန၊ အဖွဲ့အစည်း များနှင့် ထူးခြားသော သွင်ပြင်လက္ခဏာများနှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။