၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် သုတပဒေသာစာစောင်၌ ကလေးများ၏ အနာဂတ်ကမ္ဘာလှပရေး (မျက်နှာဖုံးဆောင်းပါး) တွင် ကလေးများ၏ အနာဂတ်ကမ္ဘာ လှပရေး၊ ကလေးအနာဂတ်လှပရေး ပညာရေးမှာ မြှုပ်နှံပေး ၊ ကလေးများ၏ အနာဂတ်၊ ကလေးများ၏ အနာဂတ်လှပရေး ဝိုင်း၀န်းလုပ်ဆောင်ပေး၊ ကဗျာကဏ္ဍတွင် အိုလာသောအခါ၊ တဏှာရာဂ ထိန်းချုပ်က မုချအောင်မည်သာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဝေဖန်မှုများ၊ ခရစ်ဂါလီဘို၏ ဘေးပေါက်အလုပ်၊ နေရာတကာမှာ ပညာရှာ၊ ယုံကြည်မှု တည်ဆောက်ခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍတွင် လူ့အခွင့်အရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေး၊ စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အာဖဂန်ပြည်သူများ၏ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှု၊ အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရသည့် စစ်မျက်နှာများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ကလေးသူငယ် များအား ဆိုက်ဘာမှ အနိုင်ကျင့်မှု၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပလတ်စတစ် တိုင်းပြည်၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် သွေးလွှမ်းသောလမ်းမှ မူးယစ်ခေါင်းဆောင် အယ်လ်ချာပို၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် စိတ်မချမ်းမြေ့စရာ တစ်ကျော့ပြန်ရောဂါ၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၀၆)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် တစ်ကိုယ်တော် တောင်တက်ခြင်း၊ အရှေ့ဥရောပမှ ကယ်တင်ရှင် နတ်မိမယ်၊ တိမ်ထုအတွင်း လမ်းပျောက်ခြင်း၊ ပျောက်ဆုံးနေသော မင်းသမီး၊ ၀တ္ထုတိုကဏ္ဍတွင် ကံကောင်း ထောက်မစေတဲ့ အိုးကလေး၊ နောက်ဆုံးလက်ကျန် တစ်ဒေါ်လာ၊ အထွေထွေကဏ္ဍတွင် ဖွဲ့ဆင်ခဲ့သမျှ အတွေးမျှင်ကလေးများနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။