၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်း အရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် သုတပဒေသာ စာစောင်၌ မသန်စွမ်းသူများ၏ အခွင့်အရေး (မျက်နှာဖုံးဆောင်းပါး) တွင် မသန်စွမ်းသူများ၏ အခွင့်အရေး၊ မသန်စွမ်းသူများ၏ဘ၀ တိုးတက်မြင့်မားရေး၊ ဝန်ထမ်း (၅၀) ဦးတွင် မသန်စွမ်းသူ (၁)ဦးကို မဖြစ်မနေ ခန့်အပ်ရေး၊ ကဗျာကဏ္ဍတွင် ကြည်နူးဖွယ်ဘ၀၏ စိတ်နေစိတ်ထား၊ ပညာရှိတို့ သတိမပေါ့ မမေ့လျော့၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဆင်ခြေပေးခြင်းကို ရှောင်၊ ကိုယ့်ခြေပေါ် ကိုယ်ရပ်၊ ဘ၀တွင် ယိုဖိတ်မှုလေးများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် ကျား/ မ တန်းတူပါဝင်ခွင့်ရှိသော ရွေးကောက်ပွဲ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် Loch Ness ရေအိုင်ကြီးမှ ငါးရှဉ့်ကြီး၊ အတိတ်မာန်များ ကျန်နေသေးသည့် မွန်ဂိုလီးယား၊ အသုံးချခံနေရသည့် တိရစ္ဆာန်များ၊ အန္တရာယ်အဆင့် ရောက်ရှိလာသည့်် မီးခိုးမြူပြဿနာ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် သင့်စီးပွားရေး လုပ်ငန်း၏ စံပြအနာဂတ်ကို ပုံဖော်ကြည့်ပါ၊ ခရမ်းရောင်ရှိသော နွား၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍတွင် Tech Cold War နှင့်် Digital Iron Curtain၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှု လမ်းကြောင်းထဲတွင်၊ တစ်ရှူးကာလ်ချာနည်းဖြင့် အပင်အမြောက် အမြား ပွားယူနည်း၊ ပင်လယ်နှစ်ခု ထိစပ်နေသော ကမ်းခြေ၊ သန္တာကျောက်တန်း တံတိုင်းကြီး၏ အံ့ဖွယ်ကမ္ဘာ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေး အလွဲသုံးစွဲမှု၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၁၆)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သူတို့ကျေးဇူးကြောင့််သာ၊ ချောက်နှုတ်ခမ်း ပေါ်က လူ၊ ဘ၀အမေှာင်ထဲမှ မေတ္တာအလင်း၊ ၀တ္ထုတိုကဏ္ဍတွင် အတ္တကင်းတဲ့ လက်ဆောင်၊ ခရစ္စမတ်လက်ဆောင်၊ ရွှေဖူးစာဆုံရပုံက၊ အထွေထွေကဏ္ဍတွင် နှလုံးသားရေးရာ စကားထွေတလာ နှှင့်် ဟာသတို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန်စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။