၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတေ်၀ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလထုတ် သုတပဒေသာ စာစောင်၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း (မျက်နှာဖုံးဆောင်းပါး) တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဥပဒေအမြင်၊ လူထုပါလာသည့် ခရီးသွားလုပ်ငန်း၊ ကဗျာကဏ္ဍတွင် တောင်တက်လမ်း (၂)၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် ရွေးကောက်ပွဲနေ့ စောင့်ကြည့်ခြင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတစ်၀န်းလုံးစစ်တမ်း၊ ပညာရေးကဏ္ဍတွင် အိုင်စီတီဖြင့် ပညာရေးကို မြှင့်တင်ခြင်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ပဉ္စမမြောက် ပညတ်တော်၊ ပျော်ရွှင်မှုပေတံတဲ့လား၊ ပြောင်မြောက်မှုရှာဖွေခြင်း၊ အောင်မြင်ရေးအတွက် လျှို့ဝှက်ဘာသာစကား၊ အော်ပိုကျူးနစ်များအကြောင်း၊ ထူးချွန်ဆိုင်ရာ ကဏ္ဍတွင် ပါရမီရှင်နှင့် နှလုံးသား လှသူ၊ လူငယ်ဆိုင်ရာကဏ္ဍတွင် လူငယ်နှင့် စာပေမြတ်နိုးစိတ်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ဂလိုဘယ်လှိုင်းပေါ်မှ အာဆီယံအိုင်တီ၊ အာဆီယံ စီးပွားရေးအသိုက်အ၀န်း၊ ကမ္ဘာ့ဆန်ဈေးကွက် အခြေအနေနှင့် ရှေ့အလားအလာ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် သတိပြုထိန်းသိမ်းကာကွယ်သင့်သော မူးယစ်ဆေး၀ါးအန္တရာယ်၊ ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနှင့် မူးယစ်ကုန်သွယ်ရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၈၀)၊ တေးသီချင်းသံဖြင့် ကုသခြင်း၊ ရပ်ရွာသန့်ရှင်း ရောဂါကင်း၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အသွားမတော်တစ်လှမ်း၊ ရင်ခွင်ငှား၊ မိမိစိတ်သာ အခရာ၊ ၀တ္ထုတိုကဏ္ဍတွင် စစ်ကြီးအတွင်းက၊ ဒေါ်လေးလက်ကို ကိုင်ထား၊ အထွေထွေကဏ္ဍတွင် ပါးဟက်တုဖန်တီးပြီး ရေငုပ်တဲ့ ပင့်ကူ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။