၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ ဒီဇင်ဘာလ၊ အတွဲ (၄၇)၊ အမှတ်(၁၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ ''ကိုဗစ်အလွန် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါး ကဏ္ဍတွင် လျှပ်တစ်ပြက်ရိုက်ချက် သို့မဟုတ် ခရီးသွားလုပ်ငန်းနှင့် ကိုဗစ်-၁၉၊ ကိုဗစ်အလွန် နယူးနော်မယ် ခရီးသွားလုပ်ငန်း၊ ကိုဗစ်ကာလအလွန် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး ပြင်ဆင်ထားမှုများ၊ ကဗျာကဏ္ဍတွင် ကိလေသာပူ အယူငြိမ်းရာ တစ်ဂါထာ၊ ပင်တိုင်စံမင်းသမီးလေး ရှဲလော့ (၈)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဖြစ်နိုင်တယ်လို့ ယုံကြည်ပါ၊ အနာဂတ်ကို မျှော်ကြောက်ခြင်း၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် နိုင်ငံရေးနှင့် ငွေကြေးအရှုပ်တော်ပုံ၊ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့၊ သက်ငယ်မုဒိမ်း အပြစ်ရှိသူတွေ ဖမ်းကြရအောင်၊ ရေနံနှင့် အာရပ်ကမ္ဘာ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သဘာဝကို မြတ်နိုးခြင်း၊ ငှက်များ မျိုးသုဥ်းမည့်အန္တရာယ်နှင့် နီးကပ်လာ၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် အိပ်မက်ဆိုးမှ နိုးထလာသူ၊ အလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးလုပ်သား ပြဿနာ၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် လူငယ် လူရွယ်များကို ဒုက္ခပေးနေသည့် ဆေးလိပ်နှင့် အရက်၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၂၈)၊ ကိုဗစ်နှင့် လင်းနို့များ၊ လေထုညစ်ညမ်းမှုနှင့် အာရှကလေးငယ်များ၏ ကျန်းမာရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကျွန်မဘဝ၏ အလင်းရောင်၊ လူခြောက်ယောက်၊ ဖောင်တစ်စင်းနှင့် ငါးမန်းများ၊ ဝတ္ထုတိုကဏ္ဍတွင် အိမ်အပြန်၊ အဖေတစ်ယောက်၏ မဟာမျှော်လင့်ချက်များ၊ အထွေထွေကဏ္ဍတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ကြပါစို့၊ နှလုံးသားထဲက အိမ်၊ အမုန်းစကား ရပ်၊ ဖတ်သမျှ ဒဿနနှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။