၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတေ်၀ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထုတ် သုတပဒေသာစာစောင်၌ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး (မျက်နှာဖုံးဆောင်းပါး) တွင် ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနှင့် ဥပဒေအမြင်၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်၊ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး၊ ကဗျာ ကဏ္ဍတွင် အကယ်၍သာ၊ ဆောင်းဦးပန်းချီ မြစ်နဒီ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကိုယ့်ကိုယ်ကိုယ် ပြင်ချင်ကြရင်၊ ဆယ်ဆ ဥပဒေသ၊ ဘယ်သူမှ ကိုယ့်ကို မယုံသည့်တိုင် ကိုယ့်ဘာသာကိုယ် ယုံကြည်ပါ၊ ကံယုံပြီး ဆူးပုံမနင်းနဲ့၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားဖြစ် ဒရုန်း၀န်ဆောင်မှု လုပ်ငန်းများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍတွင် ခေတ်မီဆန်းပြား လေဆာရောင်ခြည်လက်နက်များ၊ မိုဘိုင်းဖုန်းဖြင့် နည်းပညာ ကွာဟမှု လျှော့ချခြင်း၊ ရေငုပ်သင်္ဘောရှာဖွေရေး ကိရိယာသစ်များ၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အစိမ်းရောင်မြေကမ္ဘာနှင့် ပတ်၀န်းကျင်ပြဿနာများ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အသက်ကယ်နိုင်သည့် ကုထုံးသစ်ခြောက်ရပ်၊ ကိုယ်အလေးချိန် လျှော့ရအောင်၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၀၄)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် မိန်းကလေးများကို တောင်ပံတပ်ပေးခြင်း၊ သေကံမရောက်၊ ဂျင်နာဗဲသင်္ဘောပျက်စီး နစ်မြုပ်ခြင်း၊ ကမ္ဘာမြေကြီးကပေးတဲ့ အပြစ်ဒဏ်၊ ၀တ္ထုတိုကဏ္ဍတွင် ဘာကြောင့်လဲ ဘယ်အတွက်လဲ၊ ချစ်သမီး၏ ခရစ္စမတ်လက်ဆောင်၊ ကရုဏာသည် ပဓာန၊ အိမ်နီးချင်းကောင်း၊ အထွေထွေကဏ္ဍတွင် မိုနာလီဇာမျက်နှာပုံကို ရေးခြယ်ရာတွင်၊ သိုးတစ်ကောင်နှင့် ခရီးသွားခြင်းနှင့် မြို့တော်တစ်ခု၏ ကောင်းဆိုး နှစ်တန် ပြန်လည်သတိရစရာတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။