၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ ဩဂုတ်လ၊ အတွဲ ( ၄၇)၊ အမှတ်(၈) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေး အခြေအနေ'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကိုဗစ်အလွန် ကြိုတင်ပြင်ဆင်မှု၏တန်ဖိုး၊ ကိုဗစ်နှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေ၊ COVID-19 နှင့် နိုင်ငံတကာစီးပွားရေး သက်ရောက်မှုများ၊ ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေ၊ ကဗျာကဏ္ဍတွင် ပင်တိုင်စံမင်းသမီးလေး ရှဲလော့ (၄)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကောင်းကျိုးဆောင်၊ အဆိုးမြင်မှတ်ချက်များပေးခြင်း၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများအပေါ် ကိုဗစ်-၁၉ လွှမ်းမိုးမှု၊ အမျိုးသမီးများ၏ အခွင့်အရေး၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သူတို့မှာလည်း အသည်းနှလုံးနှင့်၊ ဆီးနှင်းကျမှုများ နည်းပါးလာ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် လူငယ်၊ ကိုဗစ်-၁၉ ကပ်ဘေးနှင့် မူးယစ်ဆေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၂၄)၊ တစ်သက်တာလုံး ကျန်းမာစွာ နေရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် စစ်ပွဲနှင့် ငြိမ်းချမ်းရေး၊ မြွေ၏ကလဲ့စား၊ အသက်တစ်ချောင်း၊ မီးလျှံကြားက မိန်းကလေး၊ ၀တ္ထုတိုကဏ္ဍတွင် လောကအလင်းမှ...ဆီ၊ မော်ဒယ်လ်သန်းကြွယ်သူဌေး၊ ရော့ခ်ဂီတဘုရင် အဲလ်ဗစ်ပရက်စလီ၊ အထွေထွေကဏ္ဍတွင် ဘောင်ခတ်ထားသောလမ်းကြောင်းများ၊ သူစိမ်းများနှင့် စကားပြောခြင်း၊ မြန်မာ့နာနတ်သီးနှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။