၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာစာစောင်၌ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ (မျက်နှာဖုံးဆောင်းပါး) တွင် မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲနှင့် ဥပဒေအမြင်၊ ၂၀၁၂ ခုနှစ် ရန်ကုန်ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ဂုဏ်ယူပါသည် မောင်ဘတည်၊ ကဗျာကဏ္ဍတွင် အထီးကျန်ငှက်ငယ်၊ တရားဓမ္မ မွေ့လျော်က ကင်းပများဒုက္ခ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍ တွင် အဋ္ဌမမြောက် ပညတ်တော်၊ နေ့စဉ် သစ်လွင်ရေး၊ တိုးတက်ကောင်းမွန်အောင် လေ့ကျင့်သင်ကြား ခြင်း၊ စွမ်းအင်ထက်မြက် စိတ်လက်နက်၊ လူငယ်ဆိုင်ရာကဏ္ဍတွင် လူငယ်နှင့် ကျော်ကြားမှု၊ သိပ္ပံ နှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ICT4D သို့မဟုတ် ဖွံ့ဖြိုးကူညီ အိုင်စီတီ၊ ခိုင်ပါရပ်၀န်း၊ စံချိန်ချိုး မည့် ဥမင်ရထားလမ်း၊ ဂျူနိုနှင့် ဂျူပီတာ၊ နိုင်ငံတကာရေးရာကဏ္ဍတွင် ဂျာမနီနိုင်ငံရေး အခင်းအကျင်း၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဦးထုပ်ပုံ ပင့်ကူမျိုးစိတ်သစ်၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် ကပ်ဘေးဆိုးသဖွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍ တွင် ကျန်းမာရေး အတွက် အကောင်းဆုံးဆေးဝါး၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၈၄)၊ သေဆုံးခြင်း၏နောက်ကွယ်၊ အဆီချလိုသူများအတွက် အစားအသောက်များ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဖျက်မရသောကတိ၊ ပင်လယ်ထဲမှာ လေးနာရီ၊ ကမ်းလင့်လက်များ၊ ၀တ္ထုတိုကဏ္ဍတွင် သောင်ယံကမ်းက လွမ်းရက်တွေ၊ အထွေထွေ ကဏ္ဍတွင် စာများများ ဖတ်ရအောင်၊ ဖတ်သမျှ ဒဿန၊ မိဘနှင့် ကလေး ကြား ဆက်ဆံရေး၊ သုတတိုထွာနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည် လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။