• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

သုတပဒေသာစာစောင်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. သုတပဒေသာစာစောင်
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

တန်ဖိုး - ၃၅၀၀ကျပ်

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ(၄၉)၊ အမှတ်(၈) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထား ပါသည်။ ယခု ဩဂုတ်လထုတ်တွင် စာပေဗိမာန် (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ်အဖြစ် စာစောင်ကို မူလပါရှိသည့် စာမျက်နှာ ၁၆၀ မှ ယခု စာမျက်နှာ ၂၄၀ အထိ စာမျက်နှာတိုးမြှင့်၍ အကြောင်းရပ်များစွာကို စာဖတ်သူတို့ အားပါးတရ ခံစားဖတ်ရှုနိုင်အောင် စီစဉ်ဆောင် ရွက်ထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အမြင်အာရုံနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အမြင်အာရုံနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ၊ သတိပြုသင့် သော အမြင်အာရုံ ထိခိုက်ဆုံးရှုံးခြင်း၊ လူငယ်ရေးရာကဏ္ဍတွင် လူငယ်များအတွက် အခွင့်အလမ်း၊ သင်ပေးသမျှ သင်ပြန်ရမှာပါ၊ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့၊ တစ်သက်တာ လက်ဆောင်မွန်၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ ဘော့စတွန်တက္ကသိုလ်၊ ယနေ့လူငယ်များနှင့် နိုင်ငံရေးအသိ၊ ကမ္ဘာတစ်လွှား ကြီးထွားလာသော လူငယ်ထု၊ မျှဝေခြင်း၏ စွမ်းအား၊ ညီညွတ်ရေး ရုပ်တု၊ ဖတ်သမျှဒဿန၊ ကဗျာကဏ္ဍတွင် ကြင်ဖော်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ကဏ္ဍတွင် ထိုးထွင်းဉာဏ်ကို ခေါ်ယူပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အမေရိကန် ပြည်ထောင်စုမှ စာဖတ်အသင်းများ၊ မတူညီသော အိပ်စက်ခြင်းများ၊ ဆပ်ကပ်၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် သိပ္ပံပညာနိဒါန်း၊ ရုပ်ကြွင်းလောင်စာများကို အစားထိုးမည့် လေစွမ်းအင်၊ ကိုဗစ်ကာကွယ်ဆေးကို တီထွင်ခဲ့သော စုံတွဲ၊ သိပ္ပံ အတိုအထွာ မေးခွန်း ၅၀၊ ရွေးကောက်ပွဲ ဆိုင်ရာကဏ္ဍတွင် အချိုးကျကိုယ်စားပြုစနစ်နှင့် တိုင်းရင်းသားလူမျိုးများ၏ အခန်းကဏ္ဍ၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အိပ်မက် အကောင်အထည် ပေါ်လာ၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် မသန်စွမ်းသူများအရေး ပူးပေါင်းပါဝင် ကူညီပေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကဏ္ဍတွင် အသံညစ်ညမ်းမှု၊ မုန်တိုင်းကိုဖြစ်ပေါ်စေသော အကြောင်း ရင်းများ၊ အပင်လို အလင်းနဲ့ အစာချက်နိုင်တဲ့ တိရစ္ဆာန်၊ မူးယစ်ဆေးဝါးဆိုင်ရာ ကဏ္ဍတွင် မူးယစ်ဆေးဝါး ပြဿနာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ ကွမ်းယာ၊ ဆေးလိပ်၊ အရက်နှင့် ခံတွင်းကင်ဆာ၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၈)၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊ အနံ့မရခြင်းနှင့် ဆက်စပ်လျက် ဗဟုသုတရဖွယ် (၁၃) ချက်၊ စီးပွားရေးဆိုင်ရာ ကဏ္ဍတွင် ကုမ္ပဏီကြီးများနှင့် ဘဏ္ဍာရေးအစီရင်ခံစာများ၊ မဟာဗျူဟာမြောက် စီးပွားရေးယူနစ်ကို ဖွံ့ဖြိုးပါစေ၊ ဂလိုဘယ်လိုက်ဇေးရှင်း သရီးပွိုင့်ဇီးရိုး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အရေးပေါ်ဆင်းသက်ခြင်း၊ ဝတ္ထုတိုကဏ္ဍတွင် မာဂရက်မစ်ချယ် သို့မဟုတ် နိက္ခမပါရမီရှင်၊ အထွေထွေကဏ္ဍတွင် ဖေ့ဘွတ်ခ်နှင့် စိတ်ရောဂါဆန်း တစ်မျိုး၊ အော်ဂဲနစ်အစားအစာ၊ စိုက်ပျိုးမြေနှင့် ကျန်းမာရေး၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၃၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၃)၊ အမှတ် (၂)၊ ဖေဖော်ဝါရီလထုတ်

အတွဲ (၄၃)၊ အမှတ် (၂)၊ ဖေဖော်ဝါရီလထုတ်

အတွဲ (၄၃)၊ အမှတ် (၂)၊ ဖေဖော်ဝါရီလထုတ်

အတွဲ (၄၃)၊ အမှတ် (၂)၊ ဖေဖော်ဝါရီလထုတ်

စာပေဗိမာန် စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန် စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

သုတပဒေသာစာစောင်အကြောင်း
သုတပဒေသာစာစောင်အကြောင်း

သုတပဒေသာစာစောင်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • စာအုပ်များ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman