၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတေ်၀ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါ သည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာစာစောင်၌ စာတတ်သူများ စာဖတ်ကြစေရေး (မျက်နှာဖုံး ဆောင်းပါး) တွင် စာတတ်သူများ စာဖတ်ကြစေရေး၊ စာတတ်သူတိုင်း စာဖတ်ရေး၊ စာတတ်သူတိုင်း စာဖတ်ကြပါစို့၊ စာဖတ်ကြစေရေးနှင့် ဥပဒေအမြင်၊ စာတတ်သူတိုင်း စာဖတ်ကြစေရေး နိုင်ငံအဆင့် လှုပ်ရှားဆောင်ရွက်သင့်၊ ကဗျာကဏ္ဍတွင် မွေးနေ့မင်္ဂလာ၊ စကားပြောသူ ထိုထိုလူ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် စေ့စပ်သေချာ အောင်ကြောင်းဖြာ၊ စွဲမြဲစွာယုံကြည်မှု၊ အဘိုးတစ်ယောက်နှင့် စကားပြောခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍတွင် လူ့အခွင့် အရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေး၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်နှင့် ကျင့်၀တ်ဆိုင်ရာ၊ ဖိနပ်အရူး ဖီးလ်နိုက်၊ နာမည်ကျော် အာဖဂန်ကော်ဇောများ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍတွင် လက်နက်ကုန်ကူးမှု ထိန်းချုပ်ရေးနှင့် အကြမ်းဖက်မှု လျှော့ချရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် စက်မှုတော်လှန်ရေးများ၏ အခြေခံနည်းပညာ၊ နောင်လာမည့် အာကာသစစ်ပွဲများ၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် မပျံနိုင်သည့် ကြက်တူရွေး၊ ဂွါတီမာလာနိုင်ငံ တောအုပ်အတွင်းရှိ မာယန်ယဉ်ကျေးမှု၊ ဘေးဒုက္ခနွံ အတွင်း သက်ဆင်းနေသော ကမ္ဘာမြေ၊ မူးယစ်ဆိုင်ရာ ကဏ္ဍတွင် အမျိုးသားရေး အသိဖြင့် မူးယစ်ဆေးဝါးကို အမြစ်ပြတ်ချေမှုန်းကြပါစို့၊ ကိုလံဘီယာ နိုင်ငံ၏ မူးယစ်ဆေး၀ါးနှိမ်နင်းရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အကြောက်လွန်စိတ်၊ ကျန်းမာသုတအဖြာဖြာ၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၀၅)၊ ၀တ္ထုတိုကဏ္ဍတွင် အမှတ်တရ ညတစ်ည၊ ညရထားနှင့် အထွေထွေကဏ္ဍတွင် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။