ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉)ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၆) ၌ ကလေးများ မိမိအပေါ်တွင် စိတ်ထား ကောင်းသူကို အပြစ်မြင်၍ ညာစားသူကိုသာ အကောင်းမြင်တတ်ပုံကို အကောင်းအဆိုး ခွဲခြား သိမြင်တတ်စေရန် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ထို့ပြင် နှစ်မျက်နှာဇာတ်လမ်းတွင် ဘယ်ကျော်၏ ကြံဖန်တွေးခေါ်တတ်ပုံ ဟာသဇာတ်လမ်းနှင့် သတ္တ၀ါတို့အပေါ်တွင် သနား ကရုဏာထားသင့်ပုံ ဇာတ်လမ်းတို့ ပါရှိပါသည်။
ရွှေသွေးသုတကဏ္ဍတွင် တံခွန်တိုင်ထိပ်တွင် ဟင်္သာရုပ်တုထားရှိပုံကို ကလေးများဗဟုသုတရစေရန် တင်ဆက်ထားပြီး ကလေး၀တ္ထုကဏ္ဍတွင် ကိုယ်ချင်းစာ တရားထား၍ သတ္တဝါတို့ကို ချစ်ခင်သင့်ပုံဇာတ်လမ်းကို တင်ဆက်ထားပါသည်။ ကလေးများ လူမှုကျင့်၀တ်နှင့် စည်းကမ်းများကို လိုက်နာ နိုင်စေရန် ပြည်သူ့နီတိ၊ လောကနီတိတို့ကိုလည်း ဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးများ အင်္ဂလိပ်စာဝေါဟာရကြွယ်၀စေရန် စကားလုံးအချို့၏ ပြုမူ ဆောင်ရွက်ပုံကြိယာအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် ပြောဆိုသုံးနှုန်းပုံအချို့ကို ''Useful Expression" ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး အင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် "Then" ၏ အသုံး၀င်ပုံအမျိုးမျိုးကို ဖော်ပြပေးထားရာ ကလေးများ အင်္ဂလိပ်စာအရည် အသွေးတိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။