ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၇) ၌ သူတစ်ပါးကို မကောင်းကြံပါက မိမိသာ ဘေးရန်ထိတတ်ပုံကို မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ နှစ်မျက်နှာ ဇာတ်လမ်းတွင် အမှိုက်များကို စနစ်တကျစွန့်ပစ်သင့်ပုံနှင့် တစ်ခါတစ်ရံတွင် အချို့ကိစ္စများ၌ မသိလိုက် မကြားလိုက်သည်က ပိုမို ကောင်းမွန်ကြောင်းကို ဟာသနှော၍ ရေးဖွဲ့ထားသော ဇာတ်လမ်းတို့ ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ခုနစ်နှင့်ခွင် အကြောင်းကို ဝိုင်းဖွဲ့ပြောဆိုပုံဖြင့်လည်းကောင်း၊ ပုံပြင် ကဏ္ဍ၌ မိခင်ဖခင်ကို မေတ္တာထား၍ ကျွေးမွေးပြုစု သင့်ပုံကိုလည်းကောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ မိမိတို့၏ နိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအကြောင်းကို လေ့လာနိုင်ရန် ဖော်ပြပေးလျက်ရှိရာ ယခုတစ်ပတ်တွင် မကွေးတိုင်းဒေသကြီးအကြောင်းကို ဖော်ပြပေးထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးများ ဝေါဟာရကြွယ်၀စေရန် 'Book' နှင့်စပ်လျဉ်း၍ အသုံးအနှုန်း အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားဝိုင်း ကဏ္ဍတွင် 'Useful Expression'' ခေါင်းစဉ်ဖြင့် စကားပြောဆိုရာတွင် သုံးနှုန်းသည့်အသုံးအနှုန်းများနှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'There' ၏ သုံးနှုန်းပုံ အမျိုးမျိုးကို ဖော်ပြထားရာ ကလေးများအကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါ သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။