ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၅) ၌ မုဆိုးနှင့်သားကောင်တွင် အားကြီးသူကလိုက်ပြီး အားနည်းသူက ပြေးရပုံကို ဟာသနှော၍ တင်ဆက်ထားပါသည်။ နှစ်မျက်နှာ ဇာတ်လမ်းတွင် မိုးဦးကျငါးရစ်တတ်ချိန်၌ ငါးရစ်ငါးများ မဖမ်းသင့်ပုံ ဇာတ်လမ်းနှင့် အလွန်လှပနုပျိုချင်သော ညိုချောနှင့် ဟာသလုပ်တတ်သော ကိုပေါ တို့၏ ဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။
မြန်မာစာစကား၀ိုင်းကဏ္ဍတွင် 'ရုပ်ပုံကြည့်ကာ စီကုံးပါ' ခေါင်းစဉ်ကို ဝိုင်းဖွဲ့ပြောဆိုပုံနှင့် ပုံပြင်ကဏ္ဍတွင် ကြွားဝါခြင်းဖြင့် ဒုက္ခရောက်ရသည့် ဖားကလေး၏ အကြောင်းကို ရေးဖွဲ့ထား သည်တို့ကို ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ကလေးများအနေဖြင့် စက်တင်ဘာလအတွင်း ထူးခြားထင်ရှား နေ့ရက်များကို သိရှိနိုင်ရန်လည်း ဖော်ပြပေးထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ပျော်ရွှင်စွာဖြင့် အရောင်လေးများကို ခြယ်သနိုင်မည့် ဆေးရောင် လှလှခြယ်ကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် မိန်းကလေးများ၀တ်ဆင်လေ့ရှိသော အ၀တ်အထည်အချို့၏ အမည်များကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် မိမိပြောဆို ရမည့် အခြေအနေအကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ ပြောဆိုသုံးနှုန်းပုံ 'Useful Expression' နှင့် အင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'The' ၏ အသုံးပြုပုံအမျိုးမျိုးကို တင်ဆင်ထားထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။