ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၃) ၌ ကူညီချင်သောစိတ်ဖြင့် အလွဲလွဲအမှားမှားလုပ်တတ်သော မောင်ရိုး၏အဖြစ်အပျက်ကို တင်ဆက်ထားသည့် မျက်နှာဖုံးဟာသ ဇာတ်လမ်း၊ ဉာဏ်ထက်မြက်သော တော်ကီနှင့်ပေါ်ကီညီအစ်ကိုအကြောင်း နှစ်မျက်နှာ ဇာတ်လမ်းနှင့် သဘာ၀သစ်တောများ လူသားတို့ အပေါ်အကျိုး ပြုပုံအကြောင်းကို ရေးဖွဲ့ထားသည့် နှစ်မျက်နှာ ဇာတ်လမ်းတို့ ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းတွင် ထူးဆန်းသော ရသေ့ကြီးအကြောင်းကို အပြန်အလှန်ဝိုင်းဖွဲ့ ပြောဆိုပုံဖြင့် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် သူများ မကောင်းကြံပါက မိမိသာခံရပုံကို သတိပြုဆင်ခြင်ဖွယ် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ဗဟုသုတရစေရန် ရည်ရွယ်၍ ပဲခူးတိုင်း ဒေသကြီးအကြောင်းကိုလည်း တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ယာဉ်အချို့၏ အမည်ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားရာ ကလေးများ အင်္ဂလိပ်စာဝေါဟာရများ တိုးပွားစေမည် ဖြစ်ပါသည်။ ထို့ပြင် အင်္ဂလိပ်စကားဝိုင်း ကဏ္ဍတွင် 'Useful expressions' ခေါင်းစဉ်ဖြင့် စကားပြောဆိုရာတွင် အသုံး၀င်သည့် သုံးနှုန်းပုံ အမျိုးမျိုးကို ရေးဖွဲ့ထားပြီး အင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'Than' ၏ အသုံးပြုပုံအမျိုးမျိုးကို ရေးဖွဲ့ ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။