ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၅၀) ၌ လှပသောလိပ်ပြာလေးများ၏ ဘ၀ဖြစ်စဉ်အကြောင်း ပုံဖော်ထားသည့် မျက်နှာဖုံးဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ပညာရဲရင့်ပါက ပွဲလယ်တင့်ပုံကို ၀န်ဇင်းမင်းရာဇာ အားဥပမာပေး၍ ဖော်ပြထားသည့်နှစ်မျက်နှာဇာတ်လမ်း၊ လူ့ဘောင်လောကကို အကျိုးယုတ်စေမည့် လူ့အမှိုက်များမဖြစ်စေရန် သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ပုရွက်ဆိတ်ဖတ်ဖို့ စာရေးပေးထားတဲ့ပေစိတစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို ကလေးများ ကြိုက်နှစ်သက်မည်ဖြစ်ပါသည်။
ကလေးများဗဟုသုတြွကယ်၀စေရန်အတွက် အေးမြသောဆောင်းလနတ်တော်နှင့်အတူ ကျင်းပကြသည့် စိတ်ကြည်နူးချမ်းမြေ့ဖွယ် စာဆိုတော်ပွဲများ အကြောင်းကို သုတဆောင်းပါးကဏ္ဍတွင် ရေးသားတင်ဆက်ထားပါသည်။ သဘာ၀တရားက မည်သို့ပင်ဖောက်ပြန်ပါစေ စိတ်ပျက်အားလျှော့ ခြင်းမရှိဘဲ မလျော့သောဇွဲဖြင့် ကြိုးစားတတ်သည့် လူတို့၏အသိဉာဏ်နှင့် ခွန်အားအကြောင်း ဖော်ကျူး ဖွဲ့နွဲ့ထားသည့် ကလေး၀တ္ထုကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။ လူ့ဘောင်လောကတွင် နေထိုင်ဆက်ဆံမှု အဆင်ပြေစေရန်လိုက်နာသင့်သည့် ပြည်သူ့နီတိနှင့် လောကနီတိကိုလည်း ဖတ်ရှုရမည်ဖြစ်ရာ ကလေးတို့အတွက် အကျိုးရှိမည်ဟုယူဆပါသည်။ အမှတ်စက်လေးများ ဆက်ဆွဲခြင်းဖြင့် ပေါ်ထွက်လာမည့်ပုံဆွဲနည်းကိုလည်း ကလေးတို့ကြိုက်နှစ်သက်မည်မှာ သေချာပါ သည်။
ကလေးတို့အင်္ဂလိပ်စာ အရည်အသွေးတိုးတက်ကောင်းမွန်စေရန် ပြုမူဆောင်ရွက်ပုံ ကြိယာ အချို့ကိုသရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် သာမန်ဖြစ်လေ့ ဖြစ်ထရှိသည့် ကျန်းမာရေးချို့တဲ့မှုများအကြောင်း လေ့ကျင့်ပြောဆိုနိုင်မည်ဖြစ်ပါသည်။ ရွှေသွေး သဒ္ဒါကဏ္ဍတွင် 'know' ၏သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်မှုများအပြင် တွဲလုံးများကိုပါ ဖော်ပြထားရာ ကလေးတို့အတွက် အင်္ဂလိပ်စာအခြေခံ ကောင်းမွန်လာစေမည်ဖြစ်ပါသည်။
(၁၀-၁၂-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။