• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
(၂၆-၁၁-၂၀၁၆) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၈) ထွက်ရှိ

(၂၆-၁၁-၂၀၁၆) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၈) ထွက်ရှိ

တန်ဖိုး - ၂၅၀ကျပ်

ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ၊ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၈) ၌ တိုင်းရင်းဆေးဆရာလက်သင် မောင်ရိုး၏ လူနာကိုအကဲခတ်ကုသပုံ အလွဲများအကြောင်းကို တင်ဆက်ထားသည့် မျက်နှာဖုံးဟာသဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါ သည်။ နောက်ပြောင်လွန်းသူနဲ့ အရွဲ့တိုက်တတ်သူတို့ကို သရုပ်ဖော်ထားသော နှစ်မျက်နှာ ဇာတ်လမ်းနှင့် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ထားရှိသည့် ချစ်ခြင်းမေတ္တာတရားကြောင့် ငြိမ်းချမ်းသာယာသော ၀န်းကျင်များဖြစ်ထွန်းလာနိုင်ကြောင်း သရုပ်ဖော်ထားသော နှစ်မျက်နှာ ဇာတ်လမ်းကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့အပြင် 'အတွေးနယ်ချဲ့လွန်းတဲ့ ဖိုးလပြည့်' တစ်မျက်နှာဇာတ်လမ်းကိုလည်း ကလေးများကြိုက်နှစ်သက်မည်ဟု ယူဆပါသည်။

ကလေးများဗဟုသုတကြွယ်၀စေရန်အတွက် ကမ္ဘာဦးအစ၌ ကမ္ဘာ့မြေမျက်နှာပြင်နှင့် သက်ရှိ သတ္တဝါများ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲတိုးတက်လာပုံအကြောင်းကို သုတဆောင်းပါးကဏ္ဍတွင် ရေးသားတင်ဆက်ထားပါသည်။ ကလေးတို့ စာမေးပွဲအောင်မြင်စေရန်  ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်နေသူကို စံနမူထားပြီး စာကြိုးစားတော့မည့်သူ အကြောင်းကို အတုယူစေရန် ကလေး၀တ္ထုဖြင့်ဖွဲ့နွဲ့တင်ဆက်ထားပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၌ ဖွဲ့စည်းပါ၀င်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် သာစွဌာနီ ကချင်ပြည်နယ် အကြောင်းကိုလည်း ယခုတစ်ပတ်တွင် အထူးတင်ဆက်ထားပါသည်။

အင်္ဂလိပ်စာကဏ္ဍတွင် ကလေးတို့ဝေါဟာရကြွယ်၀စေရန် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို သရုပ်ဖော်ပုံနှင့်တကွ ဖတ်ရှုလေ့လာနိုင်ပြီး အင်္ဂလိပ်စကားပြောကြွယ်၀စေရန် ''Seeking Advice" ခေါင်းစဉ်ဖြင့် အကြံဉာဏ်တောင်းဆိုပုံ၊ အကြံဉာဏ်ပေးပုံအမျိုးမျိုးကို ရွှေသွေးစကားဝိုင်းကဏ္ဍ တွင် တင်ဆက်ထားသည့်အတွက် စကားပြောလေ့ကျင့်ပြောဆိုနိုင်မည်ဖြစ်ပြီး အင်္ဂလိပ်သဒ္ဒါ ပိုင်နိုင်စေရန် "it" ကို နာမ်စားအနေနှင့်သာမက "it" ဖြင့်သာ သီးသန့်သုံးစွဲရမည့် ဝါကျ တည်ဆောက် ပုံများကိုပါ နမူနာဝါကျများ၊ လေ့ကျင့်ခန်းများဖြင့် ထည့်သွင်းတင်ဆက်ထားရာ ကလေးတို့အတွက် အင်္ဂလိပ်စာအခြေခံ ကောင်းမွန်လာမည်ဖြစ်ပါသည်။

(၂၆-၁၁-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည် တော်(သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/-ဖြစ်ပါသည်။


ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • ပြိုင်ပွဲများ
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာပေဗိမာန်
  • စာမူများ
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • စာအုပ်များ
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ၅-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၄) e-book ထွက်ရှိ

    02-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman