ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၂၅)၌ မိမိအမျိုးအနွယ်၏ အလှအပကို သိရှိသွားသော ဆင်ကလေးမိုမိုအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “ဆင်ကလေးမိုမို” မျက်နှာဖုံးဇာတ်လမ်း၊ မိဘကို ကျွေးမွေးစောင့်ရှောက်ပါက မိမိကို ကူညီမည့် သူတော်ကောင်းတို့နှင့် တွေ့ဆုံနိုင်ကြောင်းကို ပညာပေးတင်ဆက်ထားသည့် “ရိုးသားသော ဂုဏ်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် ဒေါသဖြင့် ဆက်ဆံခြင်းကြောင့် မိမိရရှိမည့် အခွင့်အရေးများ ဆုံးရှုံးရကြောင်းကို တင်ဆက်ထားသည့် “ဒေါသနှင့် သည်းခံခြင်း” နှစ်မျက်နှာကာတွန်းနှင့် ပတ်ဝန်းကျင်ကို သတိထားလေ့လာနိုင်စွမ်းကောင်းပြီး ဉာဏ်ထက်မြက်သော ကျောင်းသားလေးမောင်မောင်အကြောင်းကို တင်ဆက်ထားသည့် “မောင်မောင်နှင့် ဖြတ်ထိုးဉာဏ်” နှစ်မျက်နှာကာတွန်း၊ ဂျေဂျေနှင့် သူ၏အစ်မ လုံးလုံးတို့အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဂျေဂျေ- စားပြပါမမ” တစ်မျက်နှာ ကာတွန်းနှင့် ဉာဏ်များသော ဖိုးလပြည့်၏ အဖြစ်အပျက်ကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် ကာတွန်းမောင်တင်ယု၏ “ဖိုးလပြည့်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာ့ဘရဆေးတစ်မျိုးဖြစ်သည့် မြင်းခွာရွက်အကြောင်းကို ရေးဖွဲ့ထားသည့် “ကျန်းမာအသက်ရှည်ဖို့ မြင်းခွာရွက်စားသုံးစို့” သုတဆောင်းပါးနှင့် စိတ်ရှည်သည်းခံခြင်းဖြင့် အရာရာအောင်မြင်ပြီးမြောက်နိုင်ကြောင်း တင်ဆက်ထားသည့် “စိတ်မရှည်တဲ့ ပေါ်ပီ” နိုင်ငံတကာပုံပြင် တို့ကို တင်ဆက်ထားပါသည်။ ပေးထားသောရုပ်ပုံထဲ၌ ဖိုးဘဲဥလေးကို သူငယ်ချင်းတွေဆီ ရောက်ဖို့ လမ်းဆုံ (၅)ခုကိုသာ ဖြတ်ရမယ့်လမ်းကို ကလေးတို့၏ ဉာဏ်စွမ်းဖြင့် ရွေးချယ်နိုင်မည့် “ဖိုးဘဲဥလေးကို သူငယ်ချင်းတွေဆီရောက်ဖို့ လမ်းဆုံ(၅)ခုကိုသာ ဖြတ်ရမယ့်လမ်းကို ရွေးပြီး ကူညီပေးကြပါကွယ်” ဉာဏ်စမ်းနှင့် ကလေးများ ပေးပို့သော ကာတွန်းများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ အပါအဝင် တိရစ္ဆာန်ပင်ဖြစ်သော်လည်း သူတစ်ပါး၏ ကျေးဇူးကို သိတတ်ကာ ပြန်လည်ကျေးဇူး ဆက်သင့်ပုံကို နားလည်သိတတ်သော မိကျောင်းလေးအကြောင်းကို တင်ဆက်ထားသည့် “ကျေးဇူး သိတတ်ခြင်းရဲ့ အကျိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် မိုးသားများနှင့် လှပတင့်တယ်နေ သော နယုန်လ ရာသီ၌ ကလေးများ ပျော်ရွှင်စွာ ကျောင်းသွားပုံမြင်ကွင်းကို ရေးဖွဲ့စပ်ဆိုထားသည့် “သာဖွယ်တင့်စွ နယုန်လ” ကဗျာကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နာမ်ရှေ့ တွဲသုံးစကားလုံးများ (determiner) အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သား နိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။