ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ယခုလာမည့် (၂၄-၃-၂၀၁၈) ရက်တွင် (၇၃) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် တိုင်းပြည်နှင့် လူမျိုးကိုချစ်သည့် ဗိုလ်မှူးစိန်မှန်၏ဘ၀အကြောင်းကို သရုပ်ဖော်ထားသည့် တော်လှန်ရဲရဲသတ္တိဇွဲ မျက်နှာဖုံးဇာတ်လမ်း၊ အခြေအနေမှန်ကို မသိသောကြောင့် ဒုက္ခရောက်သွားသည့် ကြက်ဖရွှေနီနှစ်မျက်နှာဇာတ်လမ်း၊ နယ်ချဲ့မိစ္ဆာတို့ကို မြန်မာတစ်ပြည်လုံး စုစည်းညီညွတ်စွာ တော်လှန်ပုံနှစ်မျက်နှာဇာတ်လမ်း၊ ဖိုးလပြည့် ဗဟုသုတကြွယ်၀တာ ဘာကြောင့်လဲ တစ်မျက်နှာဇာတ်လမ်းတို့ကို ဖတ်ရှုကြရမည်ဖြစ်သည်။
သုတကဏ္ဍတွင် နေ့တစ်လှည့် ညတစ်လှည့်ဖြစ်ပေါ်ပုံအကြောင်း ဖတ်ရှုကြရမည်ဖြစ်ပြီး ရသကဏ္ဍတွင် ဖက်ဆစ်ဂျပန်တို့ကို ပြောက်ကျားနည်းလမ်းဖြင့် တွန်းလှန်ခဲ့ကြသောကလေးများ အကြောင်းဖွဲ့နွဲ့ထားသည့် ကလေး၀တ္ထုတို့ကို ဖတ်ရှုကြရမည်ဖြစ်သည်။ အထူးကဏ္ဍအနေဖြင့် သမင်ပုံရေးဆွဲနည်း အဆင့်ဆင့်အတိုင်း ရေးဆွဲလေ့ကျင့်နိုင်မည်ဖြစ်သည်။ ထို့အပြင် မျက်စိလျင်လျင် ရှာရမည့်ပစ္စည်း (၉) မျိုးကိုလည်း သရုပ်ဖော်ပုံနှင့်တကွ ဖော်ပြထားပါ သည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေးတိုးတက်ကောင်းမွန်စေရန် ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာ၌ ရေတွက်နည်းအမျိုးမျိုး၏ အမည်များကို သရုပ်ဖော်ပုံများနှင့်တကွ ဖော်ပြထားပါသည်။ ယခုတစ်ပတ်ရွှေသွေးစကားဝိုင်းကဏ္ဍတွင် နေ့စဉ်အင်္ဂလိပ်စကားပြောဆိုရာ၌ အသုံး၀င်မည့် စကားပြော နည်းအချို့ကို Useful sentence structure တွင် တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်ဘာသာရပ်အပေါ် သိမြင်သဘောပေါက်မှုကို တိုးတက်ကောင်းမွန်စေမည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍအနေဖြင့် ယခုတစ်ပတ်တွင် be : past နှင့်စပ်လျဉ်း၍ ရှင်းလင်းချက်များ၊ နမူနာဝါကျများ၊ လေ့ကျင့်ခန်းများကိုဖတ်ရှုနိုင်မည်ဖြစ်ရာ ကလေးတို့နှစ်သက်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။