• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၄ - ၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁) ထွက်ရှိ

၄ - ၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၁)၌ အပေါင်းအဖော်များ အန္တရာယ်နှင့် ကြုံတွေ့ရမည်ကို ကြိုတင်သတိပေးစကား ပြောကြားခဲ့၍ မိမိ အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ၌လည်း အကူအညီ ပြန်လည်ရရှိသွားသော ကြွက်လေးပိုပိုအကြောင်းကို သရုပ်ဖော်ထားသည့် “ကြွက်ကလေး ပိုပို” မျက်နှာဖုံးဇာတ်လမ်း၊ မကြာခဏ နေမကောင်းဖြစ်ကာ ကျောင်းပျက်တတ်သော သူငယ်ချင်းထူးထူး၏ ပြန်ဖြေလိုက်သော အဖြေကြောင့် အံ့ဩသွားခဲ့ရသော မျိုးမျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော- သိပ်ကောင်းလို့ပေါ့” နှစ်မျက်နှာကာတွန်း၊ ကစားမက်လွန်း၍ မိဘနှင့် ဆရာများ၏ ဆူပူမှုကို ခံခဲ့ရသော ဖိုးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ကစားချိန်လျှော့ပါ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို လိမ်လည်လှည့်ဖြားပြီး ပြောဆိုပါက နောက်ဆုံးတွင် ကျရှုံးခြင်းနှင့်သာ ရင်ဆိုင်ရကြောင်း သရုပ်ဖော်ထားသည့် “ရေတွင်း ပြဿနာ”  နှစ်မျက်နှာကာတွန်း၊ အဘွားဖြစ်သူက စကားကို လိမ်ညာ၍ မပြောဆိုရန် ဆုံးမသည်ကို ဟန်သီမ၏ ပြန်လည် ပြောကြားပုံကို သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်းနှင့် ဂိမ်းကစားလွန်းသော ဖိုးတစ်တိုကို သူ၏ဖခင်က စာဖတ်ရန် ပြောဆိုဆုံးမထားသည်ကို သရုပ်ဖော်ထား သည့် ကာတွန်းသန်းဦး၏ “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများကို သိရှိကာ စနစ်တကျ စွန့်ပစ်တတ် စေရန် ပညာပေးရေးဖွဲ့ထားသည့် “ကြွပ်ကြွပ်အိတ်ရဲ့ အန္တရာယ်” သုတဆောင်းပါး၊ သူငယ်ချင်းအချင်းချင်း ပေါင်းဖော်ရာ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ခင်စိတ်၊ ခွင့်လွှတ်သည်းခံစိတ်ရှိမှသာ ပေါင်းဖော်၍ ရနိုင်ကြောင်းကို ရေးဖွဲ့ထားသည့် “ပေါင်းသင်းဆက်ဆံနည်း” ဝတ္ထုနှင့် မိခင်၏ သတိပေးပြောစကားကို လိုက်နာခဲ့၍ အသက်အန္တရာယ်မှ ကင်းဝေးခဲ့သော ကြွက်ဖြူလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ကြွက်ဖြူလေးနဲ့ မုန်လာဥ” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် ရွှေသွေးဂျာနယ်သည် လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီလ ၄ ရက်တွင် စတင်ထုတ်ဝေ ခဲ့ကြောင်းကို သီကုံးဖွဲ့ဆိုထားသည့် “လွတ်လပ်‌ရေးနှင့်အတူ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာ လေ့လာရာ၌ အသုံးဝင်သည့် နေ့စဉ်သုံးစကားအသုံးအနှုန်းများထဲမှ ထူးခြားအဓိပ္ပာယ်ထွက်သည့် စကားစု အချို့အကြောင်းကို ရေးသားထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • စာမူများ
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • စာကြည့်တိုက်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • အရောင်းဌာန
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman