• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၈-၁၀-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၃)ထွက်ရှိ

၂၈-၁၀-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၃)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ‌အောက်တိုဘာလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၃)၌ မြန်မာတို့၏ ထူးမြတ်သည့် သီတင်းကျွတ်လတွင် ကျင်းပသည့် ပွဲတော်များနှင့် ကုသိုလ်ကောင်းမှုများအကြောင်း တင်ဆက်ထားသည့် “ညီညီနှင့် သီတင်းကျွတ်ကုသိုလ်” မျက်နှာဖုံးကာတွန်း၊ ကိုကံခေဆုတောင်းလိုက်သည့် ဆန္ဒသုံးခုမှာ ချက်ချင်း လက်ငင်းပင် ဆုတောင်းပြည့်သွားကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဆန္ဒသုံးခု” နှစ်မျက်နှာကာတွန်း၊ ယုံကြည်မှုအပေါ် အလွဲသုံးစားလုပ်၍ လိမ်လည်ခဲ့သည့် မိတ်ဆွေကို ပြန်လည်  ပညာပေးသည့် ပညာရှိကုန်သည်အကြောင်း တင်ဆက်ထားသည့် “ယုံတမ်းစကား” နှစ်မျက်နှာ ကာတွန်း၊  ဖခင်မသိအောင် သူငယ်ချင်းများနှင့်အတူ ဒိုးဆက် ဆက်တမ်းကစားရာက ဖခင် အိမ်ပြန် လာသည်နှင့် တိုးသွားသော ကီးကီအကြောင်း ရေးဖွဲ့ထားသည့် “ကီးကီနှင့် ရောင်စုံဘောလုံး” နှစ်မျက်နှာကာတွန်း၊ ဗိုက်ပူမည်ကို မကြောက်သော လင်းသစ်အကြောင်း ရေးဖွဲ့ထားသည့် “လင်းသစ်” တစ်မျက်နှာကာတွန်းနှင့်  ဘယ်ကျော်နှင့် ဘယ်ကျော့်သူငယ်ချင်းတို့၏ အတွေးများမှာ အတူတူဖြစ်နေကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထား¬သည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့်  ကမ္ဘာ့အံ့ဖွယ် ဂရိဘုရားကျောင်းနှစ်ခုအကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် သားသင်္ခနေဟန်ကို သီတင်းကျွတ်ကားလေးတစ်စီး ဝယ်ပေးဖြစ်ပုံအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ရနံ့မွှေးကြိုင်ပြီး လှပသော အဆင်းရှိသည့် စံပယ်ပန်းပွင့်လေး ဖြစ်ပေါ်လာပုံအကြောင်း ဒဏ္ဍာရီပုံပြင်ဖြင့်  ရေးသားထားသည် ကို တင်ဆက်ထားပါသည်။ ထို့ပြင်  ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် မြန်မာတို့၏ သီတင်းကျွတ်ပွဲတော် အချိန်အခါသမယအကြောင်း ‌ရေးဖွဲ့ထားသည့် ဆရာမြတ်လွမ်းနောင် (ပုတီးကုန်း)၏ “ဝါကျွတ်ပွဲ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စကား ပြောဆိုရာတွင် အဓိပ္ပာယ်ရှင်းလင်းနေပါက ရှည်လျားသောစကားကို နှစ်ခါထပ်၍ ပြောဆိုမည့် အစား အကူကြိယာ (Auxiliary Verb) များကို သုံး၍ ဝါကျတို့ဖြင့် ပြန်လည်ပြောဆိုနိုင်ပုံကို ဥပမာ ဝါကျများ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားသည့် သင်ခန်းစာသစ်အချို့ကို  ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာမူများ
  • စာပေဗိမာန်
books
  • ၂၈-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၆) e-book ထွက်ရှိ

    01-Jul-2025
  • ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    27-Jun-2025
  • ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    27-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman