• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၄ - ၁၀ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၁) ထွက်ရှိ

၁၄ - ၁၀ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၁) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၄၁) ၌ အိမ်၌ မွေးထားသော ခွေးပေါက်လေး ခြောက်ကောင်အနက် လေးကောင်ကို စနစ်တကျ မွေးမည့်သူများထံ ပေးလိုက်ပြီး ကျန်သည့် နှစ်ကောင်ကို မိမိတို့ မွေးမည်ဖြစ်ကြောင်း သမီးဖွေးဥအား နားလည်အောင် ရှင်းပြထားသည့်အကြောင်း တင်ဆက်ထားသည့် “နားလည်ပါပြီ” မျက်နှာဖုံးဇာတ်လမ်း၊ အတောင်ပံပါရုံနှင့် ကောင်းကင်ပေါ် ပျံသန်းနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော ကြက်ဖကြီးမှာ နောက်ဆုံးနောင်တရသွားသည့်အကြောင်း တင်ဆက်ထားသည့် “ဘဝင်မြင့်သော ရွှေကြက်ဖ” နှစ်မျက်နှာကာတွန်း၊ အသီးစားချင်လျှင် အပင်စိုက်ရမည်ဖြစ်ကြောင်း အဘွားက ဟန်သီမကို ဆုံးမထားသည့်အကြောင်း တင်ဆက်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်း၊ ခွေးဘီလူးကြီး၏ အစာခွက်ကို ကြောင်သူတော်မှ ဉာဏ်သုံးပြီး စားသည့်အကြောင်း တင်ဆက်ထားသည့် “ကြောင်သူတော်” နှစ်မျက်နှာကာတွန်း၊ ငါးသားပေါက်လေးများကို ဖမ်းပြီး ချောင်းထဲမှာ လွှတ်ပေးလိုက်ကြသည့် ပုပုတို့သူငယ်ချင်းတစ်စုအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဇီဝိတဒါန” နှစ်မျက်နှာကာတွန်း၊ အစာလည်း ဆေး၊ ဆေးလည်း အစာဟင်းဆိုသည်မှာ သက်သတ်လွတ် ဟင်းသီးဟင်းရွက်များ ချက်စားသည်ဟု ဟာသဖြစ်ဖွယ် သူငယ်ချင်းဖြစ်သူကို ပြောပြထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်”မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။

ကျောက်အမျိုးအစား သုံးမျိုးရှိပြီး ထိုကျောက်များ၏ အသုံးဝင်ပုံအကြောင်း ဗဟုသုတ ဖြစ်ဖွယ် ရေးသားထားသည့် “ကျောက်အကြောင်း သိကောင်းစရာ” သုတကဏ္ဍ၊ ရွှေသွေးအထူးထုတ် ၂၀၂၄ တွင် ကလေးတို့လက်ရာ ပန်းချီများထဲမှ ရွေးချယ်ဖော်ပြပေးမည့် “ရွှေသွေးတို့လက်ရာ ပန်းချီဖိတ်ခေါ်” ကြော်ငြာကဏ္ဍ၊ ကျောင်းပြေးခဲ့လျှင် ပညာမတတ်၍ အလုပ်ကြမ်းသာလုပ်ရပြီး ပင်ပန်းဆင်းရဲမည်ဟု ကျောင်းပြေးမည့် သူငယ်ချင်းထွန်းတောက်အား စေတနာဖြင့် ပြောပြထားသည့်အကြောင်း ရေးသား
ထားသည့် “သူငယ်ချင်းကောင်း” ဝတ္ထုကဏ္ဍ၊ သူဌေးစီးသည့် အလှစီးမြင်းမဘဝမှ လှည်းဆွဲမြင်းမဘဝ ရောက်ရှိသွားကြောင်းနှင့် ဘဝဆိုသည်မှာ တစ်သမတ်တည်း မရှိဘဲ အနိမ့်၊ အမြင့်ရှိကြောင်း ရေးသားထားသည့် “မာနကြီးသော မြင်း” ပုံပြင်ကဏ္ဍနှင့်  သေရည်ကို တစ်ကျိုက်သောက်မိရုံနှင့် စိတ်စွဲလမ်းပြီး နောက်ထပ် သောက်ချင်စိတ်များ ဖြစ်ပေါ်ပြီး ဆိုးကျိုးဒုက္ခနှင့် ရောဂါကိုသာ ရရှိမည့်အကြောင်း ရေးဖွဲ့ထားသည့် “တစ်ကျိုက်မှားမိ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

Question tags answers နှင့် Reply questions အကြောင်းကို လေ့ကျင့်ခန်းများ ပြုလုပ်နိုင်မည့် ဆရာ KML ၏ “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ”  ကဏ္ဍ၊   ကဏ္ဍ၊    ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • ရွှေသွေး
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman