• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၅-၆-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၆)ထွက်ရှိ

၂၅-၆-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၆)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၆)၌ တယ်လီဖုန်းကို အကျိုးရှိရှိအသုံးချတတ်ပါက အင်မတန်အသုံးဝင်ပုံ အကြောင်းကို လက်တွေ့သက်သေပြလိုက်နို်ငသော ပေါက်ကျော်တို့ သူငယ်ချင်းတစ်စုအကြောင်း တင်ဆက်ထားသည့် “ဖုန်း၏တန်ဖိုး” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ရှိပြီး ရိုးသားသော နိုးတူးအကြောင်း ရေးဖွဲ့ထားသည့် “နိုးတူး- ရိုးသားသူရဲ့ ရလဒ်”  နှစ်မျက်နှာကာတွန်း၊ အစာစားရဖို့ အကြံထုတ်ရာက စားစရာများဖြင့် အဆင်သင့်ကြုံကြိုက်သွားသော ကြွက်ကလေးအကြောင်း ရေးဖွဲ့ထားသည့် “အိမ်လိုနေပြီ” နှစ်မျက်နှာကာတွန်း၊ မိမိ၏ လက်ဖက်ရည်ဆိုင်တွင် ကျက်သရေရှိပြီး စိတ်နှလုံးချမ်းမြေ့စေသောပုံများကို ချိတ်ဆွဲပေးထားခြင်းကြောင့် ဆိုင်၏ စီးပွားရေး ပြန်လည်တိုးတက်လာသော ရွှေရိုးအကြောင်း  ရေးဖွဲ့ထားသည့် “နိမိတ်” နှစ်မျက်နှာကာတွန်း၊ အပင်ပေါ်က သရက်သီးကို အလွယ်တကူရလိုက်သော လူငယ်လေးတစ်ယောက် အကြောင်း တင်ဆက်ထားသည့် “ကံတရား” တစ်မျက်နှာကာတွန်းနှင့် မိမိ၏ဆောင်ရွက်ချက်တိုင်းတွင် အမှားကင်းဝေးရန်အတွက် သတိထားပြီး လုပ်ဆောင်တတ်ရမည်ဖြစ်ကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ပူတင်း-သတိကို ဘယ်အထိထားရမလဲ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် အန္တရာယ်ရှိသော အသားပိုအကျိတ်နှင့် အန္တရာယ်မရှိသော အသားပိုအကျိတ်အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် မိမိ၏ လိမ္မာပါးနပ်၍ ဉာဏ် အမြော်အမြင်ရှိမှုကြောင့် အသက်ဘေးက လွတ်မြောက်ကာ ပျော်ရွှင်ဖွယ်မိသားစုဘဝကို ရရှိခဲ့သော ဖိနပ်ချုပ်သမားအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ စာစီစာကုံးကဏ္ဍအနေဖြင့် စာပေဗိမာန် စိန်ရတု အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် စာစီစာကုံးကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ပန်းရောင်းထွက်လာသော မထွေးလေး၏ ဝယ်သူများအပေါ်ထားရှိသည့် စေတနာ၊ မေတ္တာအကြောင်း ရေးဖွဲ့ထားသည့် “ပန်းလိုမွှေးပါစေ” ကဗျာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် တစ်စုံတစ်ယောက် ကျောင်းမတက်နိုင်သည်ကို စိုးရိမ်ပူပန်ပြီး မေးမြန်းပြောဆိုပုံနှင့် စကားအသုံး အနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုပုံအကြောင်း သင်ခန်းစာသစ် အချို့ကို လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ကွက်စိပ်ဗေဒသုခုမ ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • အရောင်းဌာန
  • စာအုပ်များ
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
books
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၁) ပြန်တမ်းစာစောင် e-book

    21-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) e-book

    20-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) ထွက်ရှိ

    16-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links