ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက (၁၂) နှစ် အောက် ကလေးစာစောင်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ၊ ၁၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၆) ၌ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်ပွဲနှင့်အတူ ပျော်စေပြက်စေလုပ်လေ့ရှိကြသော ကျီးမနိုးပွဲအကြောင်းကို မျက်နှာဖုံး ဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ယနေ့ခေတ်တွင် လက်ကိုင်ဖုန်းကင်မရာဖြင့် မှတ်တမ်းပြု ကာ အထောက်အထားပြတတ်ကြပုံနှင့် တားမြစ်ထားသည်ကိုမှ စမ်းသုံးကြည့်ချင်သော လူ့စိတ်ကြောင့် ဒုက္ခကြုံရပုံတို့ကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်းများကို တင်ဆက်ထားပါသည်။ ထို့အပြင် ရေကူးပေမယ့် ကိုယ်ရည်မစစ်သော ဝေလငါး တစ်မျက်နှာဟာသ ဇာတ်လမ်းကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။
တန်ဆောင်မုန်းလပြည့်နေ့နှင့် သာမညဖလအခါတော်နေ့အကြောင်းကိုလည်း ကလေးတို့ သုတရသ ရရှိဖွယ် ဖော်ကျူးထားပါသည်။ အတန်းတင် စာမေးပွဲနီးကပ်လာပြီဖြစ်၍ ကျောင်းသား ကျောင်းသူများဆောင်ရန်၊ ရှောင်ရန် ပညာပေးအနေဖြင့် ကလေး၀တ္ထုတွင် တင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် ထူးထူးခြားခြားအဖြစ် နို၀င်ဘာလအတွင်း မှတ်သားဖွယ်ရာနေ့ရက်များကို ကလေးတို့ ဖတ်မှတ်နိုင်မည်ဖြစ်ပြီး သဘာ၀ကျကျ ဆေးရောင်ခြယ်ရမည့်ကဏ္ဍသစ်ကိုလည်း ကလေးတို့အတွက် ထည့်သွင်းထားပါသည်။
ကလေးများ အင်္ဂလိပ်ဝေါဟာရတိုးစေရန် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို တင်ဆက်ထားပါ သည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် သတိပေးပြောဆိုပုံ စကားအသုံးအနှုန်းကို ပြောဆို လေ့ကျင့်နိုင်မည်ဖြစ်ပြီး အခြေခံ အင်္ဂလိပ်သဒ္ဒါအနေဖြင့် how ၏ အသုံးတွင်ပုံအမျိုးမျိုးကို ရှင်းလင်းချက်ဥပမာများ၊ လေ့ကျင့်ခန်းများဖြင့် ဖော်ပြထားရာ ကလေးတို့၏ အင်္ဂလိပ်စာ အရည်အသွေးတိုးတက်လာစေမည်ဖြစ်ပါသည်။
(၁၂-၁၁-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူ ရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။