ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည် ဒုတိယဆု ရရှိသည့် စာရေးဆရာ သန်းဝင်းထွန်း (ဆွာ) ၏ “ကြွေလုလုဝေ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် တပ်မတော်သားတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရ သော ဘဝအတွေ့အကြုံနှင့်အတူ ကြမ်းတမ်းခက်ထန်သော တောတောင်လျှိုမြောင် ဆူးငြောင့်ခလုတ် များကြား ကျင်လည်ဖြတ်သန်းနေရငြား နူးညံ့သော နှလုံးသားကို ထိခတ်လှုပ်ကိုင်လာသည့် သံယောဇဉ် ကြိုးတစ်မျှင်နှင့် ရစ်နှောင်ခဲ့ရပုံ၊ ရှေ့တန်းထွက်ရင်း တောတွင်းတစ်နေရာတွင် တစ်ဦးတည်း ငိုယိုနေသော တစ်နှစ်ခွဲအရွယ် ကလေးငယ်လေးကို တွေ့ကာ ရန်သူ၏ ကလေးမှန်းသိသော်လည်း ကောက်ယူမွေးစားဖို့ ဆုံးဖြတ်ခဲ့သည်မှစ၍ စစ်သည်နှင့် ကလေးငယ်လေးတို့ အပြန်အလှန် သံယောဇဉ်တွယ်ကြပုံ၊ ကလေးငယ် အရွယ်ရောက်လာပြီး မိခင်ရင်းနှင့် ပြန်တွေ့သည့်အခါ ဝမ်းသာ၊ ဝမ်းနည်းခံစားရပုံတို့ကို အရေးအသား ပြေပြစ်ချောမောစွာ တင်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။