• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြည်သူ့လက်စွဲစာစဉ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ပြည်သူ့လက်စွဲစာစဉ်
 စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ၊ တတိယဆုရရှိသည့် စာရေးဆရာ နောင်အံ့လူ၏ “တောင်အရပ်မှာ ဓူဝံကြယ်” စာအုပ်ကို ဖြန့်ချိရောင်းချ

စာအုပ်အမည် - စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ၊ တတိယဆုရရှိသည့် စာရေးဆရာ နောင်အံ့လူ၏ “တောင်အရပ်မှာ ဓူဝံကြယ်” စာအုပ်ကို ဖြန့်ချိရောင်းချ

စာရေးဆရာအမည် - နောင်အံ့လူ

တန်ဖိုး - ၄၀၀၀ကျပ်

စာညွှန်း -
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ၊ တတိယဆုရရှိသည့် စာရေးဆရာ နောင်အံ့လူ၏ “တောင်အရပ်မှာ ဓူဝံကြယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် အထည်ချုပ်လုပ်ငန်းကျွမ်းကျင်သော “ကိုပိုင်” အမည်ရှိ လူရွယ် တစ်ယောက်က ပျောက်ဆုံးနေသည့်ညီ မောင်မြင့်ဝေကို ရှာရန် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိ လာပြီး ထိုင်းလူမျိုး သူဌေးမပိုင်၍ မြန်မာလူငယ်များ အလုပ်လုပ်သော အထည်ချုပ် စက်ရုံငယ်တစ်ခုတွင် ကြီးကြပ်သူအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ပုံ၊ မူလက အလုပ်ကို မလေးစားသော၊ သောက်စားမူးယစ် ရန်ဖြစ်တတ်သော မြန်မာအလုပ်သမားများကြောင့် စက်ရုံက အောင်မြင်မှုမရရှိဘဲဖြစ်နေစဉ် ကိုပိုင်ရောက်လာပြီးမှ မြန်မာလူငယ်များကို စည်းရုံး၊ သိမ်းသွင်း၊ ဆုံးမ၊ လမ်းညွှန်၊ ကူညီစောင့်ရှောက်သဖြင့် စည်းကမ်းတကျ အလုပ်ကြိုးစားလာကြပုံ၊ ထိုအခါ စက်ရုံသည်လည်း အချိန်တိုအတွင်း အောင်မြင် တိုးတက်လာပြီး ပိုင်ရှင်သူဌေးသာမက အလုပ်သမားများလည်း ဝင်ငွေတိုးကာ ပျော်ရွှင်ကြရပုံ၊ ငွေစုမိသဖြင့် အလုပ်သမားဘဝမှ ကိုယ်ပိုင်လုပ်ငန်းလေးများ ထူထောင်နိုင်ခဲ့ပုံ၊  သောက်စားမူးယစ်ပြီး ဘဝပျက်နေသော မောင်မြင့်ဝေလည်း သူ့ကိုယ်သူပြုပြင်၍ လူကောင်းတစ်ယောက်ပြန်ဖြစ်သွားပုံတို့ကို ရေးဖွဲ့ ထားသော ဝတ္ထုဖြစ်သည်။ ဝတ္ထုဇာတ်အိမ်ကို မဲဆောက်မြို့တွင် အခြေပြုသဖြင့် ထိုင်းလူမျိုးတို့၏ ဓလေ့စရိုက်နှင့် ရိုးရာယဉ်ကျေးမှုပွဲတော်များအကြောင်းကို မြည်းစမ်းသိရှိခွင့်ရပြီး အထည်ချုပ်စက်ရုံ တစ်ရုံ၏ လည်ပတ်ပုံကို ဗဟုသုတအဖြစ် ဖတ်ရှုရမည့်အပြင် နိုင်ငံခြားရောက် မြန်မာလူငယ်များကို ဆောင်ရန် ရှောင်ရန်များနှင့်တကွ မြန်မာတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်နှင့်ပတ်သက်၍ မနိမ့်ပါးရေး၊ အစော်ကားမခံရရေး လမ်းညွှန်ပညာပေးထားသောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 
အဆိုပါ စာအုပ်ကို ရောင်းဈေး  ၄၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
ရာမဦးအုန်းမောင်

ရာမဦးအုန်းမောင်

ပလ္လင်တံကဲ

ပလ္လင်တံကဲ

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ပြည်သူ့လက်စွဲစာစဉ်
 ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ပထမဥပဒေသနှင့် အာရှလူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • ရွှေသွေး
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
books
  • ၂ - ၅ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၈) e-book ထွက်ရှိ

    08-May-2026
  • ၉- ၅- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၉)ထွက်ရှိ

    08-May-2026
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

    28-Apr-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman