• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြည်သူ့လက်စွဲစာစဉ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ပြည်သူ့လက်စွဲစာစဉ်
စာပေဗိမာန် စာမူဆု၊ ကလေးစာပေ တတိယဆုရရှိသည့် စာရေးသူ ခင်ဇော် (သီတာကုန်းပြင်) ၏ အရသာရှိသော အောင်မြင်မှုနှင့် အခြားစာစုများ စာအုပ်ကို ဖြန့်ချိရောင်းချ

စာအုပ်အမည် - စာပေဗိမာန် စာမူဆု၊ ကလေးစာပေ တတိယဆုရရှိသည့် စာရေးသူ ခင်ဇော် (သီတာကုန်းပြင်) ၏ အရသာရှိသော အောင်မြင်မှုနှင့် အခြားစာစုများ စာအုပ်ကို ဖြန့်ချိရောင်းချ

တန်ဖိုး - ၃၀၀၀ကျပ်

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ကလေးစာပေ တတိယဆုရရှိသည့် စာရေးသူ ခင်ဇော် (သီတာကုန်းပြင်) ၏ အရသာရှိသော အောင်မြင်မှုနှင့် အခြားစာစုများ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စာစုပေါင်း (၂၀) ပုဒ် ပါဝင်သည်။ ဘဝတစ်သက်တာတွင် လိုက်နာဆောင် ရွက်စရာ၊ အလေးထားတွေးတောဆင်ခြင်ဖွယ်ရာ၊ အတုယူစရာအချက်များကို အလေးပေး ရေးသား ထားသည်။ ‘‘လောကမှာ ငါ့လောက်တော်သူ၊ ငါ့လောက်တတ်သူ၊ ငါ့လောက်ပြည့်စုံသူ မရှိတော့ဘူး လို့ မာနစိတ်ဝင်လာခဲ့ရင် ကိုယ့်ထက်အဆင့်မြင့်တဲ့သူ၊ တော်သူတတ်သူ၊ ပြည့်စုံသူတွေကို မော့ကြည့် လိုက်ပါ။ ဖြစ်လာတဲ့မာနစိတ်ဟာ အလိုလိုပြန်ကျသွားပါလိမ့်မယ်’’ ဆိုသည့်တိပိဋကအကျော် မင်းကွန်းဆရာတော်ဘုရားကြီး၏ အဆုံးအမက မှတ်သားလိုက်နာစရာ အလွန်ကောင်းပါသည်။
အာဖရိက၏ကြယ်တစ်ပွင့်ဖြစ်သော လူငယ်ဘောလုံးသမား ‘‘ဆာဒီယိုမာနေး’’၏ စိတ်ထား သည် လွန်စွာအတုယူဖွယ်ကောင်းသည်။ သူ့မွေးဇာတိအတွက် ယူရိုသန်းပေါင်းများစွာ အကုန်ခံပြီး အစစအရာရာ တိုးတက်ဖွံ့ဖြိုးစေရန် ကူညီလှူဒါန်းပေးခဲ့သော်လည်း သူကတော့ ဖုန်းမှန်ကွဲကလေး ကိုသာ သုံးနေသည်ဟု ဆိုပါသည်။ ၎င်းဖုန်းမှန်ကွဲလေးအကြောင်းကို အင်တာဗျူးသူက ‘‘ခင်ဗျား ဖုန်းအသစ်တစ်လုံး ဘာ့ကြောင့်မဝယ်တာလဲ’’ ဟု မေးသောအခါ  ‘‘ကျွန်တော်… ဖုန်းအလုံးရေ ထောင်ပေါင်းများစွာ ဝယ်နိုင်ပါတယ်၊ နောက်ဆုံးပေါ်ကား ၁၀ စီးမက ဝယ်နိုင်တယ်။ ဂျက်လေယာဉ် နှစ်စီးလား ဝယ်နိုင်တယ်။ ကုန်ကုန်ပြောရရင် စိန်လက်ပတ်နာရီ ဘယ်နှလုံးဝယ်မလဲ ဝယ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီအရာတွေကို ကျွန်တော်မလိုအပ်ပါဘူး။ ကျွန်တော်ငယ်စဉ်က ဆင်းရဲမွဲတေခဲ့တယ်၊ ပညာ ဆိုတာ ဘာမှန်းမသိခဲ့ဘူး၊ အခုလို ပြည့်စုံနေတဲ့အချိန်မှာ စာသင်ကျောင်းတွေ ဆောက်ပေးချင်တယ်၊ ဆင်းရဲတဲ့သူတွေ ပညာသင်နိုင်မယ့်လမ်းကြောင်းတွေ ဖွင့်ပေးချင်တယ်၊ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေကို ကြွားဝါနေမယ့်အစား လူအများကို မျှဝေပေးချင်တယ် ဒီလောက်ပါပဲ’’ လို့ မာနေးက ဖြေခဲ့သည်။ ကလေးလူငယ်များ မှတ်သားစရာ၊ လိုက်နာစရာ၊ အတုယူစရာ၊ သတိပြုစရာ စသည့် အကြောင်း အရာများကို စုံလင်စွာ ရေးသားထားသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀¬¬ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
ရာမဦးအုန်းမောင်

ရာမဦးအုန်းမောင်

ပလ္လင်တံကဲ

ပလ္လင်တံကဲ

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ပြည်သူ့လက်စွဲစာစဉ်
 ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ (တတိယတွဲ)
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ရွှေသွေး
  • အခမ်းအနားများ
  • စာပေဗိမာန်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • အရောင်းဌာန
  • ပုံနှိပ်ရေး
books
  • ၁၄-၁၁-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၆) e-book ထွက်ရှိ

    16-Nov-2026
  • ၁၄- ၁၁- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၆)ထွက်ရှိ

    13-Nov-2026
  • မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၆) စာအုပ် ထွက်ရှိ

    11-Nov-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman