၂၀၁၈ ခုနှစ် အောက်တိုဘာလအတွက် အသင်းပေးစာအုပ်အဖြစ် ''သိန်းဇော် (ရွှေလီဦး)'' ရေးသားသည့် ''ဘ၀ပန်းပုရုပ် ကိုယ်တိုင်ထုလုပ်ကြပါစို့နှင့် အခြား၀တ္ထုတိုများ'' စာအုပ် ဖြန့်ချိ
စာဖတ်ပရိသတ် တိုးပွားရန်နှင့် စာဖတ်သူများ အဖိုးနှုန်း ချိုသာစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်လျက် ၁၉၆၄ ခုနှစ်မှ စတင်တည်ထောင်လာခဲ့သည့် စာပေဗိမာန် စာအုပ်အသင်းသည် စာပေဗိမာန်စာမူဆု နှင့် ပခုက္ကူစာပေဆု ပြိုင်ပွဲများမှ ဆုရစာမူများကို ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေပြီး အသင်းဝင်များသို့ လစဉ်တစ်အုပ်စီ ဖြန့်ချိပေးပို့လျက် ရှိပါသည်။
ယခု ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွက် အသင်းပေးစာအုပ်အဖြစ် ''သိန်းဇော် (ရွှေလီဦး)'' ရေးသားသည့် ''ဘ၀ပန်းပုရုပ် ကိုယ်တိုင်ထုလုပ်ကြပါစို့ နှင့် အခြား၀တ္ထုတိုများ'' စာအုပ်ကို ဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် ၂၀၁၅ ခုနှစ်၊ ပခုက္ကူစာပေဆု၊ ၀တ္ထုတိုပေါင်ချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ထိုစာအုပ်ကို တန်ဖိုး ၉၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း အသင်းဝင်များ အတွက်မူ အသင်းဝင် သက်တမ်းအလိုက် သတ်မှတ်ထားရှိသည့် လျှော့နှုန်းအတိုင်း ခံစားခွင့်ရရှိမည် ဖြစ်သည်။
ရန်ကုန်မြို့မှ အသင်းဝင်များအနေဖြင့် စာပေဗိမာန်ရုံးသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် လွှဲစာဖြင့် လာရောက်ထုတ်ယူကြရန်ဖြစ်ပြီး နယ်မှ အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ်ရုံးများမှတစ်ဆင့် ဖြန့်ချိပေးလျက် ရှိပါသည်။
စာပေဗိမာန်စာအုပ်အသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်လိုပါက နယ်မှ ဝင်ရောက်လိုသူများ သည် အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ၃ဝဝဝ ကျပ် ကို အတွင်းရေးမှူး၊ စာပေဗိမာန် စာအုပ်အသင်း၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ ငွေပို့လွှာနှင့် နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲပေးပို့၍လည်းကောင်း၊ ရန်ကုန်မြို့မှ အသင်းဝင်လိုသူများသည် အဆိုပါ လိပ်စာသို့ ကိုယ်တိုင်လာရောက် ဆက်သွယ်ပြီး အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ကျပ် ၃ဝဝဝ နှင့် နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက် ပေးသွင်း၍လည်းကောင်း ဝင်ရောက်နိုင်ပါသည်။
စာပေဗိမာန် စာအုပ်အသင်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၁-၂၄၉ဝ၃၁ နှင့် ဝ၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။