''ဇော်လွင်ဦး (ဟင်္သာတ)'' ရေးသားသည့် ''အရာတော်ကမ်းက လွမ်းမပြေ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ၀တ္ထုရှည် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''အရာတော်ကမ်းက လွမ်းမပြေ'' စာမူတွင် ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်က ဧရာ၀တီမြစ်၀ကျွန်းပေါ် အရပ်ဒေသတွင် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့သော နာဂစ်မုန်တိုင်း၏ ဖြစ်စဉ်ကို ဇာတ်အိမ်ဖွဲ့၍ ရေးသားထားသည်။ လပွတ္တာမြို့နယ်၊ အရာတော်ရွာကလေးတွင် မုန်တိုင်းဒဏ်ကို ကိုယ်တွေ့ ကြုံခဲ့ရသူများ၏ နှလုံးသားထဲမှ ခံစားချက်နှင့် စကားသံကို စာဖတ်သူများဆီသို့ ပို့ပေးခဲ့သည်ဟု ယူဆနိုင်ပါသည်။
ထိတ်လန့်တုန်လှုပ်ရခြင်းများ ပျက်စီးဆုံးရှုံးရခြင်းများ၊ ကွေကွင်းရခြင်းများကို စာမျက်နှာထက်သို့ တင်ပေးနိုင်ခဲ့၍ သမိုင်းတန်ဖိုးရှိပါသည်။ အပျက်အစီး များသာ ကျန်တော့သော်လည်း ကိုယ့်အရပ် ကိုယ့်ဒေသကို စွန့်ခွာမပြေးဘဲ ကြိုးစားထူထောင်ကြသော လူသားအားမာန်ကိုလည်း တွေ့မြင်ရပါသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။