ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာရေးဆရာ သူရဇော်၏ “အမေများစွာထဲက အမေတစ်ယောက်နှင့် မဂ္ဂဇင်းဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
အဆိုပါစာအုပ်တွင် ဝတ္ထုတို (၁၇) ပုဒ် ပါဝင်သည်။ ကမ္ဘာပေါ်ရှိ အမျိုးသမီး သန်းပေါင်းများစွာအနက် အမေတိုင်း မိမိရင်သွေးများကို ချစ်ကြ၊ မေတ္တာထားကြသည်မှာ တူညီကြသော်လည်း အရွယ်ကောင်းမှာ မုဆိုးမဖြစ်ပြီး နောက်ထပ်တစ်ပင်မထူဘဲ ဘဝ နောက်ဆုံးအချိန် အသက် (၉၀) ကျော်အထိ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ကာ သားသမီး များအား ကာကွယ်စောင့်ရှောက်သွားခဲ့သော အမေများစွာထဲက အမေတစ်ယောက်၊ ပရ လောကသားများနှင့် ဆက်နွှယ်နေသည့် ထူးခြားဆန်းကြယ်သော ဂမ္ဘီရပဝါ၊ ဘိုကေသန်းစိန် အုန်းမှုတ်စိန်အမည်ကို လက်ကိုင်ထားပြီး စံချိန်တင်ခဲ့သော ဦးဖော့ဆိုသည့် လူတစ်ဦး၊ ထိတ်လန့်ကြောက်မက်ဖွယ်ရာများနှင့် ကြုံတွေ့ခဲ့ရသည့် တရားစခန်းဝင်သူတစ်ဦး၏ ဖြစ်ရပ်၊ ဗုဒ္ဓဝင်ထဲက သိမှတ်ဖွယ်ရာ ထေရာ၊ ထေရီမတို့အကြောင်းကို ဝတ္ထုတစ်ပုဒ်အဖြစ် ဖတ်ချင် စဖွယ်ရေးထားသော ဗုဒ္ဓရသဝတ္ထုများ၊ မြတ်စွာဘုရားရှင်လက်ထက်က ပုဏ္ဏသီဟနှင့် ဇနီး ဥတ္တရာတို့ ရဟန္တာမထေရ်ကြီးကို ဆွမ်းနှင့် ရေ လှူဒါန်းသောကြောင့် လယ်ထွန်ရာ ရွှေဖြစ် သွားသော မျိုးစေ့နှင့် အပင်၊ ရွာ၏ လိုအပ်ချက်အတွက် သမ္ဗန်ကူးတို့ပို့၍ ဖြည့်ဆည်းပေး နေသော သမ္ဗန်သမားလေး ကိုစိုးမောင်စသည့် ရသစုံရောပြွမ်းနေသော စာရေးဆရာ သူရဇော် ၏ လက်ရာ “အမေများစွာထဲက အမေတစ်ယောက်နှင့် မဂ္ဂဇင်းဝတ္ထုတိုများ” သည် ဖတ်ချင် စဖွယ်ဖြစ်သောကြောင့် အိမ်တိုင်းဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။