• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြည်သူ့လက်စွဲစာစဉ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ပြည်သူ့လက်စွဲစာစဉ်
စာရေးသူ ဆောင်းချစ်၏  ‘ချယ်ရီလက်ဆောင် ပန်းလက်ဆောင်’ စာအုပ်ကို ဖြန့်ချိ ရောင်းချ

စာအုပ်အမည် - စာရေးသူ ဆောင်းချစ်၏ ‘ချယ်ရီလက်ဆောင် ပန်းလက်ဆောင်’ စာအုပ်ကို ဖြန့်ချိ ရောင်းချ

စာရေးဆရာအမည် - author_name

တန်ဖိုး - ၂၅၀၀ကျပ်

စာညွှန်း -

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၂၂ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ  ပထမဆုရရှိသည့် စာရေးသူ ဆောင်းချစ်၏  ‘ချယ်ရီလက်ဆောင် ပန်းလက်ဆောင်’ စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် လူငယ်တစ်ဦးက သူဖြတ်သန်းခဲ့ရသော မတူကွဲပြားခြားနားသည့် အတွေ့ အကြုံနှစ်မျိုးကို ပကတိအခြေအနေအတိုင်း တင်ပြရေးဖွဲ့ထားသည်။ ပထမပိုင်းတွင် အသက် ၁၇ နှစ်အရွယ် စာရေးသူက တောင်ကြီးမြို့ ပညာရေးကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေစဉ် ဂျပန် -အရှေ့အာရှ ကျောင်းသူကျောင်းသားများ ချစ်ကြည်နှီးနှောဖလှယ်ရေးအစီအစဉ်ဖြင့် ဂျပန် နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး သွားရောက်ခဲ့ရာ ဂျပန်နိုင်ငံ၏ ကောင်းမွန်သော ပညာရေးစနစ်၊ တိုးတက်မြင့်မားသော လူနေမှုဘဝ၊ တစ်နိုင်ငံလုံး သန့်ရှင်းသပ်ရပ်မှုနှင့် အလှအပ၊ ဂျပန်လူမျိုးတို့၏ စိတ်နေစိတ်ထား၊ ဇွဲလုံ့လ၊ စည်းကမ်းရှိမှု၊ တိကျသေချာမှု၊ အချိန်လေးစားမှုတို့ကို အားကျအတုယူဖွယ် ရေးဖွဲ့ထားသည်။

ဒုတိယပိုင်းတွင်မူ အသက် ၂၀ ကျော်အရွယ်၊ ပညာရေးကောလိပ်မှ ကျောင်းဆင်းပြီးနောက် ပညာရေးဝန်ထမ်းအဖြစ် သူတာဝန်ကျသည့်ရွာတွင် အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုပေါင်းများစွာ ဖြင့် ဒေသခံကလေးများကို မူလတန်းသင်ပေးခဲ့ရပုံနှင့် ကျေးလက်နေကလေးများ၏ ပညာရေး ရင်လေးဖွယ်ကိစ္စရပ်များကို ရေးဖွဲ့တင်ပြထားသည်။
မိမိနိုင်ငံသည် နိုင်ငံတကာနှင့် အဘက်ဘက်တွင် ပခုံးချင်းယှဉ်နိုင်အောင် ကြိုးစားဖို့ နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ တိုးတက်သော နိုင်ငံများ၏ စံနမူနာများကိုယူ၍ အားကျစိတ်၊ အတုယူစိတ်ကို မွေးမြူသင့်ကြောင်း၊ နိမ့်ကျသော ကျေးလက်နေပြည်သူတို့၏ ဘဝများစွာကို စာနာ၍ သူတို့ဘဝ တိုးတက်မြင့်မားရေးအတွက် မိမိစွမ်းဆောင်နိုင်ရာ တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ‌ရေးသားတင်ပြထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
ရာမဦးအုန်းမောင်

ရာမဦးအုန်းမောင်

ပလ္လင်တံကဲ

ပလ္လင်တံကဲ

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ပြည်သူ့လက်စွဲစာစဉ်
 ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • အရောင်းဌာန
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman