ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၈)၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် အမိန့် ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့်ကြော်ငြာစာ
အပိုင်း (၄) တွင် ကျောက်စိမ်းသခင် ကျောက်မျက် ကုမ္ပဏီလီမိတက် (Kyauk Sane Master Gems Company Limited)၊ ကျောက်စိမ်းရတနာဝေ ကျောက်မျက် ကုမ္ပဏီလီမိတက် (Kyauk Sane Yadanar Wai Gems Company Limited)၊ မနောအောင်လံ ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (Manaw Aung Lan Gems & Jewellery Company Limited) နှင့် ရွှေစင် ရွှေသား ကျောက်မျက် ကုမ္ပဏီလီမိတက် (Shwe Sin Shwe Thar Gems Company Limited) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင် များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ ပုံနှိပ် ဖျော်ဖြေရေးလုပ်ငန်းစု လီမိတက် (IMAGE ENTERTAINMENT HOLDING LIMITED) အား (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာ မိုး အတိုင်ပင်ခံလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Myanmar Mo Consulting Services Company Limited)၊ မြန်မာမိုး ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Myanmar Mo Trading Company Limited)နှင့် ဂျေစီ အယ် (လ်) လော့ဂျစ် (စ်) တစ် အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက် (JCL Logistic International Company Limited) တို့၏ အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Kundra & Bansal and Acupro Consulting Private Ltd. ၏ အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန် ရှိသည့် ကြွေးများတောင်းခံရန် သတိပေးခြင်း၊ Golden Faith Trading Company Limited မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီအစုရှယ်ယာရှင်များ ဆန္ဒ အလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ Comprehensive Development Education Centre Company Limited မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ-၂၀၈(င) (ဆန္ဒအလျောက်ဖျက်သိမ်းဆဲကုမ္ပဏီ) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။