ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၇)၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံးအမိန့်ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသာနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အမျိုးသား သဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ အမိန့်ကြော်ငြာစာ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ညွှန်ကြားချက်၊
အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့် ကြော်ငြာစာ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် သီဟထွန်းနှင့်ညီအစ်ကိုများ ကျောက်မျက်ကုမ္ပဏီလီမိတက် (THIHA TUN & BROTHERS GEMS COMPANY LIMITED)၊ စီးပွား ပန်းတိုင်ကုမ္ပဏီလီမိတက် (SIIPWAR PANTAING COMPANY LIMITED) နှင့် ဂျိုးရတနာ စက်မှုထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (JOE YADANAR INDUSTRIAL COMPANY LIMITED) တို့အား အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁)အရ ကြော်ငြာစာ ယူနီကွန်းအင်တာပရိုက်(စ်) လီမိတက်၊ ကမ္ဘာ့-တင်းပုတ်လုပ်ငန်းများကုမ္ပဏီလီမိတက် (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ)၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဂန်းနန်းဂျေအီး အင်ဂျင်နီးယားရင်း ကုမ္ပဏီလီမိတက် (Kang Nam Jaeil Engineering Company Limited) အပြီးသတ်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကယ်တင်ရှင်နတ်မိမယ် အင်တာနေရှင်နယ် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် (Ark Angel International Trading Company Limited) အလိုအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများ တောင်းခံရန် သတိပေး ခြင်း၊ ဟိမ်းဆုမြတ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (HEIN SU MYAT TRADING COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်း၊ TRINITY TREASURE CO., LTD. ဖျက်သိမ်းရန်ကြော်ငြာချက်၊ GOMAX GLOBAL COMPANY LIMITED အစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများ အက် ဥပဒေပုဒ်မ ၂၀၈(င) အရ အပြီးသတ်နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ E.SUN Commercial Bank Limited (Yangon Representative Office) Notice for Commencement of Winding Up & Notice to Creditors တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ်
ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ
တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန်
စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ
(၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း
၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ
ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁-
၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။