ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၇)၊ ၂၀၁၇ ခုနှစ် ဧပြီလ ၂၈ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ကြေညာချက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသးလူမျိုးများရေးရာဝန်ကြီး ဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပစီများအက်ဥပဒေအရ ရွှေမြန်မာထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်း ကုမ္ပဏီလီမိတက် (SHWE MYANMAR SUPPLY BASE COMPANY LIMITED) အလိုအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများ တောင်းခံရန်သတိပေးခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၂၀၈(င) Microfinance Delta Company Limited (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ)၊ နွေဦးသစ်ရွက် ရောင်းဝယ်ရေး လီမိတက် (SPRING LEAF TRADING LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁)အရ အောင်စောမင်း ကုမ္ပဏီလီမိတက် ကုမ္ပဏီလီမိတက်ဖျက်သိမ်းရန်ကြေညာချက်၊ ငွေပြည့်ဝန်း ကုမ္ပဏီ လီမိတက် (SILVER HARVEST CO., LTD.)၊ ရေးတဲ(လ်)မြန်မာ ကုမ္ပဏီလီမိတက် (Ray Tel Myanmar Co., Ltd.) အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ အောင်ဖားစည်ထုပ်လုပ်ရေး ကုမ္ပဏီလီမိတက် ဖျက်သိမ်းကြောင်းကြေညာချက်၊ CITIC ENGINEERING (MYANMAR) COMPANY LIMITED Notice under Section 206 (1) of the Myanmar Companies Act for Members' Voluntary Winding Up of the Company၊ KAYMU LIMITED (In Members' Voluntary Winding up) Notice pursuant to Section 206 (1), Myanmar Companies Act၊ NOTICE OF FINAL MEETING In the matter of the Myanmar Companies Act and DECHA YANGON COMPANY LIMITED၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ-၂၀၆(၁) အရ ဂရင်းဟေး အင်ဂျင်နီးယားရင်း ကုမ္ပဏီလီမိတက် (Green Hill Engineering Company Limited) ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။