ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၆)၊ ၂၀၁၇ ခုနှစ် ဧပြီလ ၂၁ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် In the Matter of the Myanmar Companies Act and Myanmar CPAC Trading Company Limited Notice under Section 206 (1)၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ (K.K.S TRADING COMPANY LIMITED) အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၀၆ (၁) အရ အက်ဒမန်ကလပ် ကုမ္ပဏီလီမိတက်နှင့် Aye Chan Myanmar Company Limited တို့၏ အလိုအလျောက် စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများတောင်းခံရန် သတိပေးခြင်း၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND TOYOTSU PARAGON COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP FOR FINAL MEETING NOTICE၊ INDUSTRIAL AND COMMERCIAL BANK OF CHINA YANGON BRANCH စာရင်းရှင်းလင်း ဖျက်သိမ်းရန် ကြေညာချက်၊ ဒီပဒီပံ ကုမ္ပဏီလီမိတက် (DEPA DEPAN CO.,LTD.) နှင့် ကမ္ဘောဇ စွမ်းအား သတ္တုတူးဖော်ရေးလုပ်ငန်း လီမိတက် (KANBAWZA POWER MINING LTD.) တို့၏ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပုဒ်မ ၂၀၆ (၁) အရ၊ Infinite Future Company Limited (စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) မြို့ရှင်များသို့ သတိပေးကြေညာချက်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၀၆ (၁) အရ ကြော်ငြာစာ မြန်မာစီးပွားရေးချိတ်ဆက် ဝန်ဆောင်မှု လီမိတက် (MYANMAR BUSINESS LINK SERVICES LIMITED)၊ (Future Plus Mining Co., Ltd.) (အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ) ကြော်ငြာမည့်စာသား Final Meeting နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။