ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၅)၊ ၂၀၁၇ ခုနှစ် ဧပြီလ ၁၄ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် NOTICE Under Section 206 (1) Myanmar Companies Act ( TS ENGINEERING & CONSTRUCTION COMPANY LIMITED ) ( Members Voluntary Winding - Up )၊ ကေပီအိုင် ကုမ္ပဏီလီမိတက် (K P I COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းပြီးစီးခြင်း၊ ရုလီ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (RUILI MANUFACTURING COMPANY LIMITED)နှင့် အာရှတခေတ်ဆန်း ခရီးသွား လုပ်ငန်း ကုမ္ပဏီလီမိတက် (ASIA RENAISANCE TRAVELS & TOURS COMPANY LIMITED) တို့၏ အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ စိန်မြို့တော် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (SEIN MYO DAW SERVICES COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၂၀၈(င)Kay Tu Timber International Company Limited ဆန္ဒအလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ၂၀၆(၁)အရ ရဲဂရင်း ကုမ္ပဏီလီမိတက် (Yelgreen Company Limited) ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ အဘိုက်(ဒ်)ဒင်း ဆားဗစ်(စ်) ကုမ္ပဏီလီမိတက် (ABIDING SERVICES COMPANY LIMITED) နှင့် တော့(ပ်) ကွန်ခရိ ပရောဒတ်ကုမ္ပဏီလီမိတက် (TOP CONCRETE PRODUCT COMPANY LIMITED) တို့ ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း၊ ဖြိုးသီဟကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ နောက်ဆုံးအစည်းအဝေး ခေါ်ယူ ခြင်း၊ မြန်မာ ရွှေတိုးအုပ်စု ကုမ္ပဏီလီမိတက် နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။