ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၃)၊ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး)၊
အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် TRAVELLING DRAGON CO., LTD. ဖျက်သိမ်းရန်ကြော်ငြာချက်၊ ကိုကိုဖယ်မလီ ကုမ္ပဏီလီမိတက် (KO KO FAMILY COMPANY LIMITED)၊ ဘဏ္ဍာစိုးအုပ်စု ကုမ္ပဏီလီမိတက် (STEWARD GROUP COMPANY LIMITED)၊ အာရှစီးပွားရေး ကွန်(မ်) ပတ်(စ်) ကုမ္ပဏီလီမိတက် (ASIA BUSINESS COMPASS COMPANY LIMITED)၊ အေဗယ်-တက် အင်ဂျင်နီယားရင်း ကုမ္ပဏီလီမိတက် ABLE-TECH ENGINEERING COMPANY LIMITED၊ မြစ်ငယ်နဒီ ကုမ္ပဏီလီမိတက် MYIT NGE NADI COMPANY LIMITED တို့၏ အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ FIVE FRIENDS ENGINEERING GROUP COMPANY LIMITED ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ For You Oil And Gas Support Services Company Limited ဖျက်သိမ်းရန် ကြေညာချက်၊ A-KYOO TO SERVICE Co., LTD (အစုရှယ်ယာရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) မြို့ရှင်များသို့ သတိပေးချက်၊ Myanmar Systems Co., Ltd. Liquidation and Appointment of Liquidator၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND MM ACCESS SERVICE COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP UNDER SECTION 206 (1) & CLAIMS NOTICE တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင် ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။