ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် In the matter of the Myanmar Companies Law (2017) PENS FAST (MYANMAR) COMPANY LIMITED and MYANMAR TATUNG COMPANY LIMITED (In Members Voluntary Winding-up)Notice of Special Resolutions pursuant to section 348၊ VRC COMPANY LIMITED and SI ENGINEERING COMPANY LIMITED တို့၏ (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Notice Under Section 348 of the Myanmar Companies Law OHD MYANMAR CO., LTD(In Members' Voluntary Winding-up)၊ ဂိုးလ်ဒဲန် ပုဂံ မြန်မာ ကုမ္ပဏီလီမိတက် (GOLDEN BAGAN MYANMAR COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဉပေဒပုဒ်မ ၂၀၈ (င) Golden Owl Industries Product Limited (အစုရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ Notice of Final Winding-up and Dissolution Under Section 357 (a) and (b) Myanmar Seafoods Limited (In Members' Voluntary Winding-up)၊ Notice of Special Resolutions Pursuant to Section 348 MYANMAR TAKEUCHI COMPANY LIMITED Members Voluntary Winding-up တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။