ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၈)၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာအမ်စီအေ ကုမ္ပဏီလီမိတက်၏ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းဖျက်သိမ်းဆဲ)၊ KONOIKE TRANSPORT COMPANY LIMITED (YANGON REPRESENTATIVE OFFICE) Presenting Liquidator's Final Report၊ DSP ENGINEERING COMPANY LIMITED Notice Under Section 206 (1) of the Myanmar Companies Act for Members' Voluntary Winding up of the Company၊ ဝါးတား လိုင်ဘရယ်ရီ မြန်မာ ထရေးဒင်း ကုမ္ပဏီလီမိတက် (WATER LIBRARY MYANMAR TRADING COMPANY LIMITED) နှင့် အာရှ မက်(စ်) အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (ASIA MAX INTERNATIONAL COMPANY LIMITED) တို့အား အပြီးသတ်ဖျက်သိမ်းရန်အတွက် နောက်ဆုံး အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ Parami Global Consulting Co., Ltd. အစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ်နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ ဧရာ၀တီမြစ်၀ကျွန်းပေါ် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချခြင်း ကုမ္ပဏီလီမိတက် (AYEYAR DELTA AGRI EXPORT COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Myanmar VES Joint Venture Co.,Ltd. (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ၂၀၈(င)အရ နှိုးဆော်လွှာ၊ Myanmar Eletec Elevators Private Limited ဖျက်သိမ်းရန် ကြေညာချက်၊ ဒါ မိသားစု သတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက် (DAR FAMILY MINING COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မိုဂျို ဂရု(ပ်) ကုမ္ပဏီလီမိတက်၊ မင်း အင်ပါရို ဂရု(ပ်) ကုမ္ပဏီ လီမိတက်၊ ရွှေသိန်းအိတ် ကုမ္ပဏီလီမိတက်နှင့် သာဟုန် ဂျမ်းစတုံး ကုမ္ပဏီလီမိတက်တို့အား ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) Ray Tel Myanmar Co., Ltd. (အစုရှင်များ၏ ဆန္ဒအရဖျက်သိမ်းဆဲ) နောက်ဆုံး အစည်းအဝေး ဖိတ်ကြားခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။