ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄၄)၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် In the Matter of the Myanmar Companies Act Asian Blue Aviation Co.,Ltd. Notice for Voluntary Winding Up Under Section 206 (1)၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁) အရ SUCCESSMORE BEING (MYANMAR) COMPANY LIMITED ကို အစုရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းပြီးကြောင်း ကြေညာချက်၊ အက်(ဒ်)ဗန့်(စ်)ကွန်မြူနီကေးရှင်း(စ်) မြန်မာကုမ္ပဏီလီမိတက် အလိုအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများတောင်းခံရန် သတိပေးခြင်း၊ ဆွေမြန်မာ စိန်သုံးလုံး ကုမ္ပဏီလီမိတက် (SWE MYANMAR THREE DIAMONDS COMPANY LIMITED) အား အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ODIN COMPANY LIMITED နောက်ဆုံး အကြိမ်အစည်းအဝေးခေါ်ယူခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာထုတ်လုပ်ရေးကုမ္ပဏီလီမိတက် (HEALTHY FOOD MANUFACTURING COMPANY LIMITED) အစုရှယ်ယာရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ MAGIC LINK TRADING LIMITED (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၈(င)အရ နောက်ဆုံးအစည်းအဝေး၊ M.T.B TOURS COMPANY LIMITED ၏ ဖျက်သိမ်းရန် ကြေညာချက်၊ အိစ်တဲန် နယူးဆဲန်ကျူရီ ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက် (Eastern New Century Holdings Co.,Ltd.) နောက်ဆုံး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ စန်းကို့(စ်) အင်နာဂျီ ကုမ္ပဏီလီမိတက် (Sun Coast Energy Co.,Ltd.) (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ ကယ်တင်ရှင် နတ်မိမယ် အင်တာနေရှင်နယ် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (ARK ANGEL INTERNATIONAL TRADING COMPANY LIMITED) အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။