ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄၂)၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံကျင်းပရေးဦးစီးကော်မတီ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမိန့်ကြော်ငြာစာ၊ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့် ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန်ကြော်ငြာစာ၊
အပိုင်း (၄) တွင် IN THE MATTER OF THE MYANMAR COMPANIES ACT AND GURU CONSTRUCTION SERVICE COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP UNDER SECTION 206 (1) & CLAIMS NOTICE၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ မြင်တွေ့အမြန် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (EUREKA EXPRESS TRADING COMPANY LIMITED)၊ မြန်မာ ဖူစင်း လိုက်တင်း ကုမ္ပဏီလီမိတက် (Myanmar Fu Sing Lighting Company Limited) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Ngwe Kyal Gone Company Limited ဖျက်သိမ်းရန် ကြေညာချက်၊ In the matter of the Myanmar Companies Act and of KBZ SHIN KONG MYANMAR COMPANY LIMITED (In Members' Voluntary Liquidation) NOTICE UNDER SECTION 206 (1)၊ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ - ၂၀၆ (၁) အရ ဖီး(လ်)အက်(စ်)ကေအို ကုမ္ပဏီလီမိတက် (FEEL SKO COMPANY LIMITED)၊ ဖီးလ်ဂရမ်းကွန်စထရယ်ရှင် ကုမ္ပဏီလီမိတက် (FEEL GRAND CONSTRUCTION COMPANY LIMITED)၊ မြန်မာတယ်လီကွန်မြူနီကေးရှင်းနှင့် တက်ခနိုလိုဂျီ ဆားဗစ် ကုမ္ပဏီလီမိတက် (Myanmar Telecommunication and Technology Services Company Limited) (အစုရှင်များဆန္ဒအရစာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြား ခြင်း၊ NOTICE PURSUANT TO SECTION 208 (E) MYANMAR COMPANIES ACT KAYMU LIMITED (In members' Voluntary Winding Up) INVITATION TO FINAL MEETING၊ FGV Pho La Min Company Limited (Voluntary Winding-up) Calling the Final General Meeting regarding the Winding-up of FGV Pho La Min Company Limited၊ Micasa Hotel Limited (Voluntary Winding-up) Calling the Final General Meeting regarding the Winding-up of Micasa Hotel Limited တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။