ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးကော်မတီ အမိန့်ကြော်ငြာစာ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး
အပိုင်း (၄) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဉပဒေပုဒ်မ ၃၄၈ အရ NOBLE GENIUS COMPANY LIMITED စာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်ကြောင်းကြေညာချက်၊ စံပြဓာတု ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (Ideal Chemical Industry Company Limited)၊ ဘာဂျာပိန့်(စ်) မန်နုဖက်ချားရင်း လီမိတက် (Berger Paints Manufacturing Limited) နှင့် အပြည်ပြည်ဆိုင်ရာ အာရှညီအစ်ကိုများ (မြန်မာ) ကုမ္ပဏီလီမိတက် [Asia Brothers International (Myanmar) Company Limited] မြန်မာနိုင်ငံကုမ္ပဏီများဉပဒေ (၂၀၀၇) ပုဒ်မ - ၃၄၈ အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ရရန်ရှိသည့် ကြွေးများတောင်းခံရန် သတိပေးခြင်း (Claim Notice) စံပြဓာတု ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊ ဘာဂျာပိန့် (စ်) မန်နုဖက်ချားရင်း လီမိတက်၊ အပြည်ပြည်ဆိုင်ရာ အာရှညီအစ်ကိုများ (မြန်မာ) ကုမ္ပဏီလီမိတက်၊ Notice Under Section 348 Myanmar Companies Act Grace Sanctuary Group Company Limited and China Petroleum Pipeline Engineering (Myanmar) Co., Ltd (Members Voluntary Winding-up)၊ H T C Myanmar Company Limited and JOTUN MYANMAR SERVICES COMPANY LIMITED (Incorporated in the Republic of the Union of Myanmar) (the ''Company'') Voluntary liquidation with the consent of the shareholders တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။