ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၉)၊ ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် အမိန့် ကြော်ငြာစာ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ ချင်းပြည်နယ်လွှတ်တော် ရုံးအမိန့်၊
အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာဘိုး (လ်ဒ်)ပါရာဂွန် ကုမ္ပဏီလီမိတက် (Myanmar Bold Paragon Company Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၀၆(၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ ဝေမိသားစု ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (WAI FAMILY TRADING COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ကျောက်စိမ်းနွယ် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (KYAUK SEIN NWE SERVICES CO., LTD.)၊ ဆက်ဗဲ(န်) ဗစ်လာ ကုမ္ပဏီလီမိတက် (7 VILLA COMPANY LIMITED)၊ အာရှတက်နေ ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (ASIA RISING SUN GEMS & JEWELLERY CO., LTD.)၊ ဟင်္သာ ဘက်ဗရစ်ချ် ကုမ္ပဏီလီမိတက် (HINTHAR BEVERAGE CO., LTD.) တို့အား အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ ဒရင်းဖက်ထရီ မီဒီယာ ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (Dream Factory Media Production Company Limited) ကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆(၁)အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ OHNAMI CORPORATION (YANGON BRANCH) Notice under Section 206 (1) of the Myanmar Companies Act (Members' Voluntary Winding Up) & Notice to Creditors၊ Simba Company Limited (Under Creditors' Voluntary Winding-up) [Notice under Section 209 (H) of the Myanmar Companies Act]၊ ENBIZ ASIA COMPANY LIMITED (In Members Voluntary Winding-up) Notice of Special Resolutions Pursuant to section 206 (1)၊ SEGER COMPANY LIMITED (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။