၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လ (၂၈) ရက်တွင် စာအုပ် (၁၄) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) ဆရာဝန်ကတော်၏ မှတ်တမ်းများ - စိမ်းမြမြ၊ (၂) အပိုလို ငွေလမင်းပေါ် ခြေချခြင်း - ကျော်ဦး၊ (၃) ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ခိုင်ခိုင်မာမာ လေ့ကျင့်ပျိုးထောင်နည်း - ဒေါက်တာသိန်းလွင် (ပါမောက္ခ-ငြိမ်း)၊ (၄) သင့်ကလေးအတွက် ဘယ်လိုပညာရေးမျိုး ပေးချင်ပါသလဲ - ဒေါက်တာသိန်းလွင် (ပါမောက္ခ-ငြိမ်း)၊ (၅) မေးခွန်းမေးနည်း အတတ်ပညာ - ဒေါက်တာသိန်းလွင် (ပါမောက္ခ-ငြိမ်း)၊ (၆) ပုဂံဒေသရှိရှေးဟောင်း မြန်မာမင်းကဗျာများ - မြန်မာမြေသိန်းလွင်၊ (၇) ဆရာကြီးဦးသန်းဦး - ဦးအောင်ကြည် (ပညာရေး)၊ (၈) SAYAGYI U THAN OO - U AUNG KYI၊ (၉) မေတ္တာရှင်ဘုရင်ကြီး အိန္ဒိယရိုးရာဂန္ထဝင်ပုံပြင်များ-၂ - ခင်မောင်တိုး (မိုးမိတ်)၊ (၁၀) ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် အတွဲ(၂) - လှကျော်ဇော၊ (၁၁) သုခချမ်းသာ ပြည့်စေကြောင်း နည်းလမ်းကောင်း ကြားသိ မြင့်တွေ့ ဘ၀တစ်ကွေ့ - ဇေစိုး(ရွှေဂွန်း)၊ (၁၂) Poem collection (1)Live Them All and Other Poems - Hla Win May Oo၊ (၁၃) တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု - ရှီကျင့်ဖျင်၊ (၁၄) ထင်ရှားကျော်ကြား သာသနာပြုဆရာတော်ကြီးများ - နတ်မောက်ထွန်းရှိန်