၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလ (၄) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံရရှိခဲ့ ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ငါရို့ဇာလုပ်ကတ်ဖို့လဲ - ရခိုင်လှမြင့်၊ (၂) စစ်မြေပြင်မှကိုယ်တွေ့လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်များ - သောင်းဝေဦး၊ (၃) ချောကလက်ဝေဖာ - ကန္တာရမိုးဇော်၊ (၄) ငရဲရောက်ဖို့ ခက်သလား - သျှင်တေဇမာလာ (နဂါးပေါ်)၊ (၅) လူမျိုးစုပြည်သူတွေရဲ့ ရင်ထဲက … ပင်လုံ - မောင်စင်ကြယ်၊ (၆) ယွန်းစလင်းကမ်းပါးယံထက်မှ ထာ၀ရအလင်းတန်းများနှင့် အခြားစစ်ရသ ၀တ္ထုတိုများ - ပိုင်ဇင်ဇော် (သတ္တု)၊ (၇) Who Was Martin Luther King Jr? လူတိုင်းတန်းတူညီမျှ အေးချမ်းသောဘ၀ နေနိုင်ရမည်ဆိုသောမာတင်လူသားကင်း ဂျူနီယာ - ထွဋ်ဝင်းထွဋ်၊ (၈) Who Was Princess Diana? ကြင်နာတတ်သော နှလုံးသားပိုင်ရှင် ဒိုင်ယာနာမင်းသမီး - ထွဋ်ဝင်းထွဋ် (၉) Who Was Queen Victoria? ရာစုနှစ်၏ ဧကရီဘုရင်မကြီး ဗစ်တိုးရီးယား - ထွဋ်ဝင်းထွဋ်၊ (၁၀) ကျွန်တော်သိသော ရခိုင်တော်လှန်ရေးခေါင်းဆောင် - မောင်ကျော်လှိုင်၊ (၁၁) V.I LENIN ကွန်မြူနစ်ဝါဒ လှုပ်ရှားမှုအတွင်းရှိ ''လက်ဝဲဂိုဏ်း'' သူငယ်နာ - ထွန်းသန်း (ဘာသာပြန်)၊ (၁၂) ABSDF သေ့ဘောဘိုးစခန်းများကျောင်းသားစစ်သည်များ - အက် (စ်) အောင်လွင်၊ (၁၃) ဘယ်ကလာသလဲ ဘယ်ကိုသွားမလဲ - ဦးမင်းငြိမ်းဇော်၊ (၁၄) ပုံပြင်ရမည် ပုံပြင်များ - ရေကြောင်း ကျောင်းဆရာ၊ (၁၅) စာပေမင်းသားကြီး ဦးအောင်သင်းနှင့် စကားပြောခြင်း - မြတ်ခိုင်၊ (၁၆) လင်းယုန်ဂျာနယ်မှ ပြည်တွင်းငြိမ်းချမ်းရေးဆောင်းပါးများ - ဗန်းမောင်တင်အောင်၊ (၁၇) သူတို့ ဘာကြောင့် အောင်မြင်ရသလဲ - တင်ညွန့်၊ (၁၈) ဒီဇင်ဘာညများ - စိုင်းဝင်းမြင့်၊ (၁၉) ရာပြည့် သမိုင်းဒေဝီ သမိုင်းပညာရှင်စာရေးဆရာမကြီးမကြန် အသက် ၁၀၀ ပြည့်မွေးနေ့ အမှတ်တရ စာများ - ကလောင်စုံ၊ (၂၀) သခင်တွေရဲ့ နိုင်ငံ - တင်မောင်သန်း၊ (၂၁) မြန်မာ့သမိုင်းဝင် အောင်ဆန်းသူရိယ သူရဲကောင်း (၆) ဦး - အမ်းသျှမ်း (သျှိုသျှားမြေ)၊ (၂၂) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ကျန်းမာရေးစီမံခန့်ခွဲမှု - နေစိုးလှိုင်၊ (၂၃) စေတနာသည်သာကံ - အောင်ဇော် (ကွန်ပျူတာ)၊ (၂၄) လူ့ဘ၀နှင့် လူ့သီလ - ဦးအေးချို (မဟာဝိဇ္ဇာ)၊ (၂၅) ကလေးကဗျာ များ - တက္ကသိုလ်မြတ်သူ၊ (၂၆) အမောပြေဟာသများ - မောင်ဒိုးခ၊ (၂၇) လူလားမြောက်သော အရွယ် - မောင်ထင်၊ (၂၈) စိတ်စွမ်းအားသစ် - အောင်မေယ၊ (၂၉) မြန်မာ့နိုင်ငံရေး အတွေးအမြင် - သန်းစိုးနိုင်၊ (၃၀) မောင်သက်ငြိမ်ကဗျာများ - မောင်သက်ငြိမ်၊ (၃၁) ပြတင်းပေါက်ကကြောင် - စစ်ငြိမ်း၊ (၃၂) ကျောင်းဆရာမတ်ကော့ထ် - လင်းတည်ဦး၊ (၃၃) နွေဦးပေါက်ဂျစ်ပဆီ - မောင်ဆေးရိုး၊ (၃၄) မောင် မောင် - မီရှီကူး၊ (၃၅) မျက်စိတစ်ဖက်လပ်အသင်းအမှုနဲ့ မောင်စံရှား စုံထောက်ပုံနှင့် အခြားအမှီး၀တ္ထုများ - ရွှေဥဒေါင်း၊ (၃၆) ကြောက်စရာ သွေးစုပ်ဖုတ်ကောင်နှင့် အခြား၀တ္ထုတိုများ - ကြည်အောင်ထွန်း၊ (၃၇) သက်ပျောက်နေအိမ် - ဇေယျကျော်ထင်၊ (၃၈) အစ္စလာမ့်သမိုင်း - ကိုကိုလေး (ပြုစုသည်)၊ (၃၉) THE CELL, EXLLE AND THE NEW BURMA – KYAW ZWA MOE၊ (၄၀) သုံးဆယ့်တစ်ဘုံနွားသတ်ရုံနှင့် ဓမ္မဘ၀ရသစာစုများ - အောင်ထိုက် (ရွှေဘို)၊ (၄၁) အရေးအကြီးဆုံးအရာကဘာလဲ - အရှင်ပညာသာမိ အလင်းပြကြယ်၊ (၄၂) Who Was The Three Stooges လူရွှင်တော်သုံးယောက် - ထွဋ်ဝင်းထွဋ်၊ (၄၃) Who Was Christopher Columbas? ကမ္ဘာသစ်ကြီးကို ရှာဖွေခဲ့သူ ခရစ္စတိုဖာကိုလံဘတ် - ထွဋ်ဝင်းထွဋ်၊ (၄၄) တစ်ခါတလေနိုင်မယ် တစ်ခါတလေ သင်ခန်းစာရမယ် - မြနှင်းဆီ၊ (၄၅) အလွမ်းဆိုင် - စံပယ်ဖြူနု၊ (၄၆) လမ်းပေါ်က ပက်ထရွန် - ဇေယျာတိုး၊ (၄၇) ၁ထောင့် ၅-ည နှင့် စာဥ - စံ-ဇာဏီဘို၊ (၄၈) အာဏာရှင်စနစ်ကို တော်လှန်သူ သို့မဟုတ် ဗိုလ်ကြီးအုန်းကျော်မြင့် - လှမျိုးထွန်း၊ (၄၉) သင့်ကလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းပါ - ဒေါက်တာသိန်းလွင်၊ (၅၀) လူငယ်များသို့ သဝဏ်လွှာ - ကလောင်စုံ၊ (၅၁) ဖတ်စရာ တွေးစရာ - အောင်သင်း၊ (၅၂) နိမ့်ကျတဲ့ ပညာရေးမှာ ကျွန်တော်တို့ရော တာဝန်ကျေခဲ့ကြရဲ့လား - ဒေါက်တာမောင်သင်း၊ (၅၃) စာရေးဆရာမှ စာရေးဆရာသို့ - လေးကိုတင်၊ (၅၄) အဖေ့သွေးနှင့်ရေးသော မှုခင်းသတင်းနှင့် အခြားသတင်းစုံ - မင်းထက်ပိုင် (လှိုင်သာယာ)၊ (၅၅) ဖေဖေ့မှတ်တမ်း - မေမေခင်၊ (၅၆) လွဲချက်ကကမ်းကုန်နှင့် စစ်မြေပြင်မှဟာသဖြစ်ရပ် - ကပ္ပတိန် ၀န မြေငလျင် (အရာရှိဟောင်းများ)၊ (၅၇) Online ပေါ်က လူသတ်သများများ - မရွှေမိုး (ကိုရီးယား)၊ (၅၈) ကမ္ဘာပေါ်ရှိ ထင်ရှား ကျော်ကြားနေရာများ အတွဲ (၂) - ရီရီဌေး၊ (၅၉) ကယားရိုးရာသမိုင်း - နဂါးဗိုလ် မောင်မောင်သက်၊ (၆၀) ကမ္ဘာ့မှတ်တမ်းထဲက ရခိုင်ဘုရင့်နိုင်ငံတော် (အကျဉ်း) - ခိုင်ဖွား (ပြောင်းဆိပ်)၊ (၆၁) စစ်သူကြီးမဟာဗန္ဓုလနှင့် ဓနုဖြူတိုက်ပွဲ - မောင်ခေတ်ထွန်း၊ (၆၂) ဗီတာမင်နှင့် အခြားပုံပြင်များ - မောင်ခေတ်ထွန်း၊ (၆၃) စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်လက်စွဲ - မောင်ဆက်ပိုင်၊ (၆၄) လျှပ်ပြာလျှပ်ပြာ နမော်နမဲ့ အလွဲများစနစ်ကျ၍ အလုပ်ပြီးသော ဘ၀သို့ - အောင်စည်သာ (မြန်မာပြန်)၊ (၆၅) လှိုင်းနှင့် ကျောက်ဆောင်ပင်လယ်၀တ္ထုတိုများ - တင်မြင့်ဦး (သံတွဲ)၊ (၆၆) ကျွန်ုပ်ချစ်သော ပန်းခရေနှင့် အခြားကဗျာများ - အေးမင်းထက် (မုံရွာ)၊ (၆၇) စာတောအလယ်မှာ … စင်တင်တဲ့စာ … - မောင်ရိုး၊ (၆၈) ကျွန်တော်လေယာဉ်ပျံမောင်းခွင့်ရပြီနှင့် အမှတ်တရ ရသစာစုများ - လေယာဉ်မှူးကြီးသိန်းဇော်၊ (၆၉) ၁၉၇၀ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင် ပြန်ပြောင်းသတိရချက် - နေဦးဝေ၊ (၇၀) အိုရှိုး ကလေးကျမ်း (ပထမတွဲ) - မလေး၊ (၇၁) မာယာပင်လယ်ပြာ အချစ်လုံးချင်း၀တ္ထုသစ် - ကြယ်စင်မှူးဝေ၊ (၇၂) ရုန်းထွက်ဖို့ မေ့နေပြီလားနှင့် ဘ၀တိုးတက်အောင်မြင်ရေး စာစုများ - သတိုးနွယ်၊ (၇၃) လူသားစားသရဲနဲ့ မဖဲဝါ - ဧကန်မင်း၊ (၇၄) လူ့ကိုယ်ခန္ဓာနှင့် ဘာသာစကား - မောင်ခင်မင် ဓနုဖြူ)၊ (၇၅) Dos and Don't Interview - မောင်ဆက်ပိုင်၊ (၇၆) ဖူးပွင့်ကဗျာ အိပ်မက်များ - ကလောင်စုံ၊ (၇၇) မွှေးပျံ့တဲ့နှင်းဆီရောင်စုံ ၀တ္ထုတိုများ - ညီပုလေး၊ (၇၈) ကျွန်တော်နှင့်ကင်ဆာ - Ko Kyi၊ (၇၉) ရွှေနိုင်ငံက ရွှေပွဲတော် ကလေးကဗျာများ - ခင်မော်သက်၊ (၈၀) နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် စာတမ်း (၅) စောင် - တင့်တယ်၊ (၈၁) ခုနှစ်ရက်တစ်သီတင်းမဂ္ဂဇင်း ၀တ္ထုရှည်များ - ဆူးငှက်၊ (၈၂) ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးလိုရာမေး မေ့ရင်သွေး - ဒေါက်တာမြသီတာ (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)၊ (၈၃) ဆက်ကောင်းဆက်မည့် အလွမ်းစာစုများ - စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)၊ (၈၄) ပုလဲသွယ်အက်ဆေးများ - ရဲထွဋ်၊ (၈၅) ဖတ်ညွှန်းများ - မင်းသေ့၊ (၈၆) မျက်မှောက် မြန်မာ့သစ်တောကဏ္ဍမြင်ကွင်း - သစ်ရိုင်း၊ (၈၇) မဟာတို့၏ ကျဆုံးခန်း (ပဉ္စမတွဲ) - လှစိုးဝေ၊ (၈၈) အိုပွင့်ကဗျာများ - အံ့မောင်၊ (၈၉) အရောင်မဲ့အဝါ - အိမ်မွန်၊ (၉၀) မိန်းမများနဲ့ ရနံ့ - ထိုက်မောင် (မန္တလေး)၊ (၉၁) နေရောင်အောက်မှာ - တင့်ဇော် (မြန်မာပြန်)၊ (၉၂) ရှင်သန်ခြင်း ကျမ်း အတွဲ (၁) - ဦးတင်ဦး၊ (၉၃) သာသနာရောင်ဝါ နေသို့ထွန်းပါစေ - လူထုဒေါ်အမာ၊ (၉၄) ငရဲခန်း - ကိုချမ်း၊ (၉၅) အနောက်တောင်တိုင်း ရွှေလင်းယုန်စစ်ဆင်ရေး - အေးစန် (သာယာ၀တီသုံးဆယ်)၊ (၉၆) စာပေစစ်တမ်း စာပေရှုထောင့် စာအုပ်စစ်တမ်းနှင့် ကျွန်ုပ်တို့စာပေ ကျွန်ုပ်တို့အမြင် - ဒဂုန်တာရာ၊ (၉၇) ဥတုရာသီပြောင်းခဲ့ပြီ - ကျော်ဦး၊ (၉၈) သူများထက် နှာတစ်ဖျားသာတဲ့ အစ္စရေး - အောင်ခင် (မြန်မာဘာသာပြန်)၊ (၉၉) ချစ်ရပါသော အိုမန်နီ - ငြိမ်းအိအိထွေး၊ (၁၀၀) သမ္မတကြီးမန်းဝင်းမောင်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ - မန်းဝင်းမောင်