၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် စာအုပ် (၆) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက် များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) အိမ်ပြန်ချင်တဲ့သူကို တံခါးဖွင့်ပေးတာ ဥပုသ်မစောင့်ဘဲ ကုသိုလ်ရတယ် ခေတ်ပြိုင်ကဗျာများ - မောင်မောင်ငြိမ်းအေး၊ (၂) THE ENIGMA OF BIG BUNNY'S ARRIVAL & OTHER SHORT STORIES – SAN LIN TUN၊ (၃) အနာဂတ်အတွက် သောတရောင်နီစာစုများ (နားနှင့်ပတ်သက်သော ရောဂါများအကြောင်းစုစည်းတင်ပြခြင်း) - ဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း)၊ (၄) မြင့်ဆန်းအောင်နှင့် ထိန်လင်း သို့မဟုတ် အလက်ဇန္ဒားနဲ့ကင်မ်သို့ - သရဝဏ် (ပြည်)၊ (၅) လမ်းဘေးလိပ်ပြာ… နှင့် အခြား၀တ္ထုတိုများ - မောင်သစ်လှိုင်း၊ (၆) နတ်သမီးရဲ့လက်ဆောင်ဆုနှင့် အိပ်ရာဝင်ပုံပြင်များ - တက္ကသိုလ်မလေးခိုင်