၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ကချင်ဖြစ်တည်ခြင်းနှင့် ဖြစ်လာခြင်း ဗမာပြည်နယ်ချားကမ္ဘာများမှ နယ်မြေဖြတ်ကျော် သမိုင်းများ - မင်းအောင်မင်း၊ (၂) သစ်တောဘ၀ အစ - ဦးသန်းနွယ် (သစ်တော)၊ (၃) အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု - ဦးလှမြင့် (မားကတ်တင်း)၊ ဖြိုးသူမြင့် (Sunway Hotel)၊ (၄) မြန်မာ ဗုဒ္ဓဘာသာတွင် ရောနှောပါဝင်နေသော တိုင်းရင်းအယူအလေ့များ - တင်မောင်ညွန့်၊ (၅) ဒစ်စလက်ဇီးယား လက်ဆောင် - ဟိန်းလတ်၊ (၆) ဘ၀ထဲက မိန်းမသားများ - အေးမွန်၊ (၇) ပေါကလီး သို့မဟုတ် အိပ်စ်ပရက်ရှင်းနစ် ခရီးသည် - စိုးအိမ်၊ (၈) ဂျိုကာမပါဘဲ တုတ်စားခြင်းနှင့် အခြား၀တ္ထုတိုများ - ကြည်အေး၊ (၉) ကလေးတို့ အတုယူ အားကျစရာ - တင့်ခိုင်၊ (၁၀) မိုးမခပင်ရိပ် - မောင်သာနိုး၊ (၁၁) ၀တ္ထုတို ၅ ပုဒ် - ဂျိုဇော်၊ (၁၂) ၀တ္ထုတို ၅ ပုဒ် - နေဝင်းမြင့်၊ (၁၃) ၀တ္ထုတို ၅ ပုဒ် - မစန္ဒာ၊ (၁၄) ၀တ္ထုတို ၅ ပုဒ် - မဝင့် (မြစ်ငယ်)၊ (၁၅) ၀တ္ထုတို ၅ ပုဒ် - သော်တာဆွေ၊ (၁၆) ၀တ္ထုတို ၅ ပုဒ် - အီကြာကွေး၊ (၁၇) ၀တ္ထုတို ၅ ပုဒ် - ဂျာနယ်ကျော်မမလေး၊ (၁၈) ၀တ္ထုတို ၅ ပုဒ် - တင့်တယ်၊ (၁၉) ၀တ္ထုတို ၅ ပုဒ် - ချောအိမာန် (မန္တလေး)၊ (၂၀) ၀တ္ထုတို ၅ ပုဒ် - ညိုထွန်းလူ၊ (၂၁) ၀တ္ထုတို ၅ ပုဒ် - ကျော်အောင်၊ (၂၂) ၀တ္ထုတို ၅ ပုဒ် - မင်းကျော်၊ (၂၃) ၀တ္ထုတို ၅ ပုဒ် - အောင်လင်း၊ (၂၄) ၀တ္ထုတို ၅ ပုဒ် - ဝင်းဝင်းမြင့် (နန်းတော်ရှေ့)၊ (၂၅) ၀တ္ထုတို ၅ ပုဒ် - ဒဂုန်တာရာ၊ (၂၆) ၀တ္ထုတို ၅ ပုဒ် - ပီမိုးနင်း၊ (၂၇) ၀တ္ထုတို ၅ ပုဒ် - ကိုငြိမ်း (မန္တလေး)၊ (၂၈) ၀တ္ထုတို ၅ ပုဒ် - မနှင်းဖွေး၊ (၂၉) ၀တ္ထုတို ၅ ပုဒ် - သိန်းဖေမြင့်၊ (၃၀) ၀တ္ထုတို ၅ ပုဒ် - ဇ၀န၊ (၃၁) စူးစိုက်အကြည့်နဲ့စတဲ့ ချစ်မေတ္တာ - မြင့်ဝင်းမောင် (AZ)၊ (၃၂) အသစ်မြင် မြန်မာပြည် ငြိမ်းချမ်းရေး - မောင်မောင်စိုး၊ (၃၃) ညည့်ရိုး၀င်္ကပါနန့်ဝီးရှန်ရောင် ပန်းချီ (ရခိုင်ကဗျာစု) - ကလောင်စုံ၊ (၃၄) ဦးဥတ္တမ၏ နိုင်ငံရေးအမှုကောက်ကြောင်း - အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ (၃၅) ထရန့်ဘောဂဗေဒနှင့် မျက်မှောက်စီးပွားရေးရာ - မင်းအောင်မင်း၊ (၃၆) ဘုရင့်နောင် မင်းတရား ကြီး၏ ကမ္ဘောဇသာဒီနန်းတော် - သန်းဝင်းလှိုင်၊ (၃၇) အရသာမတူသော ပန်းသီးများ (ရှုမ၀ မဂ္ဂဇင်း၀တ္ထုတိုများ) - တင့်ဇော်၊ (၃၈) ပြောပြစရာတွေလဲ တပုံကြီး (၇) - မာမာအေး၊ (၃၉) ဥတုရွေးတဲ့မြို့ မဂ္ဂဇင်း၀တ္ထုများ - တပေါင်း (ညောင်ဦး)၊ (၄၀) သူတို့တိုက်ခဲ့သော KNU နှင့် တိုက်ပွဲများ - သောင်းဝေဦး၊ (၄၁) သားသမီးရတနာ အမည်လှလှပေးရအောင် - ဆရာဇေယျာမိုး (ဝေဒဗိမာန်)၊ (၄၂) ဒေါ်စောခင်ရဲ့မြေးနှင့် အခြားစာစုများ - နေမျိုး၊ (၄၃) ကျွန်တော်နှစ်သက်သော ကဗျာများ - ရွှေမင်းသား (စစ်ကိုင်း)၊ (၄၄) စာပေရေးသားခြင်း အနုပညာ - ကလောင်စုံ၊ (၄၅) (၂၁) ရာစု၏ မြန်မာ့ပညာရေး၊ ကမ္ဘာ့ပညာရေး - မောင်ငြိမ်းအေး၊ (၄၆) အာဏာနှင့် သာသနာ - မောင်ငြိမ်းအေး၊ (၄၇) မြိန်ရာဟင်းကောင်း - တင်ရီမ (ညောင်ဦး)၊ (၄၈) တရားဥပဒေရေးရာ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ ပြဿနာများ - ဦးဉာဏ်ဝင်း (ညွှန်မှူး-ငြိမ်း-တရား လွှတ်တော်ရှေ့နေ)၊ (၄၉) တတိယလှိုင်း ၂၀ ရာစုနှောင်းပိုင်း ဒီမိုကရေစီ အကူးအပြောင်း (အပိုင်း-၁) - ဇင်ဝေသော် (မြန်မာပြန်)၊ (၅၀) ဤခရီး နီးပါသည် ဓမ္မရသစာစုများ - သလ္လာမောင်သန်းနီ၊ (၅၁) စကားပုံနှိုင်း အလင်္ကာရသစာပန်း ၀င်္ကပါ - နေမျိုးနွယ် (သစ္စာမြေ)၊ (၅၂) ဗမာ့စီးပွားရေး သမိုင်း - ကိုကိုလေး၊ (၅၃) တိုင်းပြည်အနာဂတ်ကို ထုဆစ်ခြင်း - ကိုကိုလင်း (အမေ့အိမ်)၊ (၅၄) စာသင်သားများအတွက် ဘာသာပြန် အလေ့အကျင့် - ဦးခင်မောင်သန်း (တော်ငူ)၊ (၅၅) စကားလက်ဆောင် တရားလက်ဆောင် - လေးအိမ်စုအရှင်ဝိစိတ္တသာရ၊ (၅၆) ဒုက္ခ ချုပ်ချင်ပြီလား - ယောဂီ စောလွင်၊ (၅၇) လေဖြတ် လေညှပ် သေမတတ်အာရုံကြောရောဂါများ - ဒေါက်တာမောင်မောင်ညို၊ (၅၈) ရသာစုံ ရှုဖွယ်ကျမ်း - ဘဒန္တအဂ္ဂဝံသ (အင်းမ)၊ (၅၉) သမိုင်းတွင်မည့်စကား သမိုင်းဝင်မည့်စကား - အင်တာဗျူးများ၊ (၆၀) တက်တူး - ရိုးမြေ၊ (၆၁) နိုင်ငံရေးသီလ စောင့်ထိန်းကြစေလို နှင့် ပြည်သူအကျိုးပြုဆောင်းပါးများ - မှူးသခင်၊ နေမျိုးကျော်စိုး (ဥပဒေ)၊ ရဲကျော်စွာ၊ ခင်မောင်ညို၊ (၆၂) သူငယ်တော်နှင့် အခြား၀တ္ထုတိုများ - မောင်ဒီ၊ (၆၃) ဧ၀ရတ်တောင် - မောင်ဒီ-၁၇ (The Key Collection)၊ (၆၄) ကိုလော့စ်စီယမ် - မောင်ဒီ-၂၀၁၇ (The Key Collection)၊ (၆၅) အီဖဲလ်မျှော်စင် - မောင်ဒီ-၂၀၁၇ (The Key Collection)၊ (၆၆) လမ်း ဆူးလေလမ်းမပေါ် အငွေ့ပျံခြင်း - ကလောင်စုံ၊ (၆၇) စိတ်ပညာရှုထောင့် မှ ကောလဟာလ - ခင်မောင်သန်း (စိတ်ပညာ)၊ (၆၈) အိုရှိုး နိဒါန်း၏အစ (ပထမ) တွဲ - အောင်သူရ၊ (၆၉) ကျေးဇူးသိမလား ကျေးစွပ်မလား - ရွှေမေတ္တာအရှင် ဇ၀န၊ (၇၀) ရှားလော့ဟုမ်း နှင့် ဘောစ်ကွန်ဘီရေအိုင် လျှို့ဝှက်ချက် - မောင်ဆုပန်၊ (၇၁) ကဗျာဒဿန ရှာတော်ပုံ - အောင်သူရ၊ (၇၂) လက်ဆောင် - မိုးရှင်း (IMT)၊ (၇၃) ဘယ်တော့မှ အရှုံးမပေးနဲ့ ဖြစ်ရပ်မှန် ပုံပြင်များ အင်္ဂလိပ်-မြန်မာ - မိုးသူဇာအောင်၊ (၇၄) ဗက်တီဗာမြက် - သိန်းမော် (ပြန်ဆိုသည်)၊ (၇၅) ဂျာနယ်ကျော်မမလေး ရာပြည့်အလွန် - မိန်းကလေး၊ (၇၆) လူဂုဏ်သိက္ခာနှင့် လူ့တန်ဖိုး - မောင်ငြိမ်းအေး၊ (၇၇) မော်လမြိုင်မြို့မှ ဘင်္ဂလား ကာလကတ္တား မြို့သွားမှတ်တမ်း - မောင်ရွှေထွန်း၊ (၇၈) တရားသံလေးငြိမ်းချမ်းအေး အလုပ်ပေးတရားတော် - ဆရာတော်ဘဒ္ဒန္တဓမ္မသာမိ၊ (၇၉) အိပ်မက်ဖမ်းသူ - လွန်းထားထား (ဆေးတက္ကသိုလ်)၊ (၈၀) ၀တ္ထုတို ၅ ပုဒ် - စောဦး၊ (၈၁) ၀တ္ထုတို ၅ ပုဒ် - သန်းဆွေ၊ (၈၂) ၀တ္ထုတို ၅ ပုဒ် - သာဂဒိုး၊ (၈၃) ၀တ္ထုတို ၅ ပုဒ် - အဏ္ဏဝါစိုးမိုး၊ (၈၄) ၀တ္ထုတို ၅ ပုဒ် - ရန်ကုန်ဘဆွေ၊ (၈၅) လုံး၀လက်မလျှော့လိုက်ပါနဲ့ - အောင်စည်သာ၊ (၈၆) တနင်္ဂနွေရုပ်ရှင်ကဗျာများ - ကလောင်စုံ၊ (၈၇) ကိုယ်ခံအားနည်းရပ်ဝန်း - ထိန်အောင်လင်း (ဥသျှစ်ပင်)၊ (၈၈) ပရာဘ၀သုတ် ပို့ချချက် - ဓမ္မဂင်္ဂါ၊ (၈၉) ဘ၀ဂစ်တာ ကဗျာဂီတ - (ယက္ခ) ရဲကြီး၊ (၉၀) အနော်မာမြစ်သို့ ငါးမျှားထွက်ခြင်း ကဗျာစုစည်းမှု - အောင်မျိုးသက်၊ (၉၁) မကျက်တကျက် စိတ်ကူးများနဲ့ စပေ့ခြားလိုက်တိုင်း ခွေးဟောင်သံတွေ ခုန်ထွက် - မောင်သစ်ကြည်၊ ဝါကျဖြူ၊ (၉၂) ကံကြမ္မာကျမ်းစာနှင့် ဓမ္မဒဿန အတွေးအမြင်များ - အရှင်ပဏ္ဍိတ (ခေါင်းဖြူ)၊ (၉၃) ဆရာဇီ၀က၏ ဘ၀နှင့်ဓမ္မ - အရှင်သုနန္ဒ (ရွှေဘို)၊ (၉၄) လက်ကျန်လရောင် - ပုညခင်၊ (၉၅) ကဗျာပေါင်းချုပ် (ဒုတိယအုပ်-၂-၅-၂၀၁၆) - စိုင်းဝင်းမြင့်၊ (၉၆) ဟန်ဆယ်နှင့် ဂရိတာတို့၏ဖြစ်ရပ်မှန် ဇာတ်လမ်း (စစ်နှင့်အသက်ရှင်သန်ရေး ဇာတ်လမ်း) - ခင်စောတင့်၊ (၉၇) လထအ - လူထက်အောင်၊ (၉၈) လွိုင်လင်နှင့် အခြားတစ်ဖက်မှာ - မိုးဖြူ၊ (၉၉) နွေးနွေးထွေးထွေး စိတ်တံခါး ဖွင့်ပေးမယ် - မြမြဆွေ (စိတ်ပညာ)၊ (၁၀၀) ရသ၀တ္ထုတိုသစ် စုစည်းမှု - မောင်သင်းထုံ (ကျောက်မဲ)