၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) စီမံခန့်ခွဲရေးဆိုင်ရာ စကားကြီး ၁၀ ခွန်း - ညီညီနိုင် (မြန်မာပြန်)၊ (၂) အထိမ်းအမှတ်တံဆိပ် ခေါင်းများ - တင်ဇော်လွင်၊ (၃) အရောင်များနှင့် စကားပြောခြင်း - ကိုမျိုး (I.R)၊ (၄) မြန်မာ၀တ္ထု အညွှန်းပေါင်းချုပ် - မလိခ၊ (၅) M.YOB Computerized Accounting ဖြင့် စာရင်း ရေးသွင်းခြင်း - Aung Paing၊ (၆) Quick Books Computerized Accounting ဖြင့် စာရင်း ရေးသွင်းခြင်း - Aung Paing၊ (၇) Quick Books Computerized Accounting ဖြင့် စာရင်းရေးသွင်းခြင်း၊ (၈) ထုတ်ကုန်များ၏ အစွမ်းသတ္တိနှင့် ကျန်းမာရေး (အမေး/အဖြေ) ပထမတွဲ - ကလောင်စုံ၊ (၉) ကွန်ညက် - ဒေါက်တာ ခင်မောင်ညို၊ (၁၀) ရခိုင်သမိုင်းကွင်းဆင်းသုတေသန - မင်းပြားမင်းသိန်းဇံ၊ (၁၁) ဗုဒ္ဓ၀စနယဉ်ကျေးလိမ္မာသင်တန်း ဒုတိယအဆင့် - ဂန္ထဝါစကအဖွဲ့၊ (၁၂) 99.RIVERS The 21st Century New World Poeties – NYEIN WAY၊ (၁၃) လုံ့လဝီရိယ မောင်လူလှနှင့် အခြားပုံပြင်များ - မောင်မှိုင်းညှို (ချောင်းဦး)၊ (၁၄) သတိထားစောင့်ကြည့်ရမည့် လူမျိုးခြားတို့ခြေလှမ်းများ - အရှင်စန္ဒဇောတ၊ (၁၅) ဦးဝိရသူဆဲတာ အပြစ်ရှိ/မရှိ - အရှင်စန္ဒဇောတိ၊ (၁၆) အိမ်တွင်းသာသနာပြုကြစို့ - အရှင်စန္ဒဇောတိ၊ (၁၇) သက်ရှည်ကျန်းမာ ကိုးသောင်းပုထိုးတော် - ပန်းချီ (ထူးလှ-ရှေးဟောင်းသုတေသန)၊ (၁၈) မြန်မာ့တိုင်းရင်းဆေးနဲ့ ကုမယ် ဆီးနှင့် ကျောက်ကပ်ရောဂါ - သိုက်ထွန်း (မန္တလေး)၊ (၁၉) အမေ့စကား ကျွန်တော့်မှတ်စု - မိုသျှန်း၊ (၂၀) မြေတိုင်း ဆိုင်ရာ သိကောင်းစရာ - ဆန်းဝင်း၊ (၂၁) တောပျော်များ - လေးကေ-အရှင်နန္ဒမာလာ၊ (၂၂) ပဋ္ဌာန်းဒေသနာ သိမှတ်ဖွယ်ရာ - ရူပသိင်္ဂီ (ရာမည)၊ (၂၃) ဆန်းသစ်လာသော ကြက်ရောဂါ ပြဿနာများ - ဒေါက်တာအောင်မြင့်၊ (၂၄) မျက်စိဖြင့် ကြည့်၍ နှလုံးသားဖြင့်မြင်ပါ - အရှင်ဓမ္မသာမိ၊ (၂၅) ဩဝါဒ မော်ကွန်း - ဦးညွန့်မောင် (ဓမ္မာဓစရိယ)၊ (၂၆) NEIHSA KEPZIA – ELLEN G WHITE၊ (၂၇) ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်တို့ အကြောင်း - တက္ကသိုလ်စိုးမိုးနိုင်၊ (၂၈) ဥက္ကဋ္ဌရွေးပွဲ - နတ်ရဲ (ရူပဗေဒ)၊ (၂၉) တစ်လှမ်းချင်းတက် ကမ်းလင့်လက် - မောင်တင့်ဇော် (ကနေဒါ)၊ (၃၀) ကုန်းဘောင် ခေတ်နှောင်းစာဆိုရှင် ဦးပုည - သန်းထွန်း (လှည်းကူး)၊ (၃၁) ဝိမုတ္တိလွင်ပြင်သို့ စေလိုရာစေ - ဝင်းလှိုင်ဦး၊ (၃၂) ဝဋ်ကြွေး ဘာကြောင့်ရှိတာလဲနှင့် ဘာသာရေးဆိုင်ရာ သိမှတ်စရာ များ - အရှင်သောဘိတ (ဓမ္မရတနာ)၊ (၃၃) မြင်လည်းလွမ်း မမြင်လည်းလွမ်း - မင်းဆက်ပိုင်၊ (၃၄) တိမ်ချည် အက္ခရာ ကဗျာစုစည်းမှု - ကလောင်စုံ၊ (၃၅) တွေးရင်းတွေးနေရမယ့် အိပ်ရာဝင် အတွေးများ - သုစိန် (ဗုဒ္ဓတက္ကသိုလ်)၊ (၃၆) အကြော်တွေ ဝယ်ကြပါဦးခင်ဗျာနှင့် အခြား၀တ္ထုတိုများ - မင်္ဂလာထွန်း (ကျောက်မဲ)၊ (၃၇) လမင်းနှင့် ဂန္ထဝင်ပန်းနှစ်ပွင့် ၀တ္ထုတိုများ - ကလောင်စုံ၊ (၃၈) ကြယ်များကို ငေးကြည့်ခြင်း - ရဲသျှမ်း၊ (၃၉) အရှိုချင်းလူမျိုးသမိုင်း - ဆလိုင်းဒါဝိဒ်၊ (၄၀) ကျောင်းသားစွယ်စုံ - ဦးဝမ်ထိန်၊ (၄၁) ကမ္ဘာကို ကိုင်လှုပ်ခဲ့ သော တွေးခေါ်ရှင် ၁၀၀ - ညီညီနိုင် (မြန်မာပြန်)၊ (၄၂) လင်းလွန်းခင် စိတ်ကြိုက် မဂ္ဂဇင်း၀တ္ထုတိုများ - ၈ - ကလောင်စုံ၊ (၄၃) နှစ်ဆယ်ရာစု မြန်မာ ကဗျာ ၁၀၀ - နိုဘယ်-မြန်မာစာပေ၊ (၄၄) The Role of Japanese Aesthetic Concepts in Environmental Conservation – Le' Le' Wynn Khin Lay Nwe၊ (၄၅) အိုင်ဘိုးဝါးနေ့ရက်များ - ဇေယျာလင်း၊ (၄၆) သင့်အလုပ်သည် သင့်တန်ဖိုး - မြနှင်းဆီ၊ (၄၇) မြန်မာ့လက်ဆန်းဗေဒင်ပညာ - မင်းနိုင်၊ (၄၈) ၁၅၀၀ မဂ္ဂဇင်း၀တ္ထုရှည်များ - သာဓု၊ (၄၉) Yangon Circular & Sub-Urban Stations – Artist Hla Htun Aung၊ (၅၀) ဓမ္မပဒအဋ္ဌကထာ ပါဠိ အနက်မှတ်စု - အရှင်ဝိမလ (တိုက်ကြီးကုန်း)၊ (၅၁) မြန်မာဂဏသုဒ္ဓိဝိမလဆန်းကျမ်းဗေဒင် …ဒုတိယတွဲ - လူဝင်းအောင်၊ (၅၂) ဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲ ဥပဒေများစာရင်းနှင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တည်ဆဲဥပဒေများနှင့် ရုတ်သိမ်းပြီးဥပဒေများစာရင်း - ဦးစီအဲန်သီးလို၊ (၅၃) မျိုးဆက်သစ်ခေါင်းဆောင်များအတွက် - နေဇင်လတ်၊ (၅၄) တောရိုင်းခုတ်ထွင် မြေပြုပြင်သူများ နှင့် အခြားကဗျာများ - ချစ်ပံသု၊ (၅၅) ဆယ်ကျော်သက်တို့ရဲ့ ကမ္ဘာ - မောင်လွင်ပြင်၊ (၅၆) ပါဠိသက်ဝေါဟာရ အဘိဓာန်အညွှန်း - တင်အောင်ထွန်း (သုတေသန)၊ (၅၇) အချစ်တံလျှပ်-အချစ်နွေကန္တာ - ကြယ်စင်မှူးဝေ၊ (၅၈) ပျော်ရွှင်လှပမိသားစုဘ၀ - ကောင်းသာ၊ (၅၉) ကြယ်ပန်း တစ်စင်း … လမင်းတာရာ - လှိုင်းကြာဖြူ (လားရှိုး)၊ (၆၀) ငှက်ညိုကလေး၏ နားခိုရာနှင့် အခြာပုံပြင်များ - မောင်ခေတ်ထွန်း၊ (၆၁) စိုပြေရေးသားတဲ့ သရော်စာများ-၃ - စိုပြေ၊ (၆၂) ရိုးဒီ ၁၄၀ ၄၀=ကဗျာ - ရိုးဒီ၊ (၆၃) အလွမ်းရိပ်ထွက်နေတဲ့ သစ်ပင် - မောင်နိုင်လင်း (ကောလင်း)၊ (၆၄) ၀တ္ထုတိုပေါင်းချုပ် - ၃ - ဗန်းမော်တင်အောင်၊ (၆၅) ကျွန်တော်က စစ်အာဏာရှင်ငြင်းဆန်ရေသမား - နောင်ကျော်၊ (၆၆) နှလုံးသားပျားရည်စက်၀တ္ထုတိုများ - စုသဲမွန်၊ (၆၇) အောင်မြင်ကျော်ကြား အစီအရင်များ - ဟိန်းတင့်ဇော်၊ (၆၈) မောင်စိန်သောင်း မနှင်းရည် ၀တ္ထုတိုပေါင်းချုပ် - မောင်၀ဏ္ဏ၊ (၆၉) သေစာရင်းမှာ မပါတဲ့လူနှင့် အခြား၀တ္ထုတိုများ - ကြူးနှစ်၊ (၇၀) ၀တ္ထုလတ်များပေါင်းချုပ် - ဒဂုန်တာရာ၊ (၇၁) ၀တ္ထုလတ်ပေါင်းချုပ် - ငြိမ်းကျော်၊ (၇၂) မာလာလာ - ဆုပြည်စုံထွန်း အယ်ဒီတာအဖွဲ့၊ (၇၃) မှတ်သင့်မှတ်ရာ ဤကမ္ဘာ - အန်တီချို (မြန်မာပြန်)၊ (၇၄) သိမှတ်စရာ အမေး-အဖြေများ - Happy Time စာတည်းအဖွဲ့၊ (၇၅) မေတ္တာပွားပုံ နည်းမျိုးစုံ - ဓမ္မစရိယ ဦးအောင်ကျော်မိုး၊ (၇၆) တရားဦးဓမ္မစကြာ အဓိဋ္ဌာန်ကျင့်စဉ် - ဓမ္မာစရိယ ဦးအောင်ကျော်မိုး၊ (၇၇) အခါကောင်းဇယားများနှင့် လိုတရ ပထဝီဇယမန္တန် - ပညာဒီပက၊ (၇၈) ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ ဥပဒေများအညွှန်း - ဦးကျော်စိန်၊ (၇၉) မကျင်းပဖြစ်လုနီးပါးပါတီပွဲ - စာပေနန်းတော် အယ်ဒီတာအဖွဲ့၊ (၈၀) ပညာရေးမှတ်တမ်းနှင့် အတ္ထုပ္ပတ္တိ စာစောင် - အရှင်ဣန္ဒာစာရာဘိဝံသ၊ (၈၁) ရန်ကုန်မြို့တောင်းရမ်းသူများလောကထဲမှ သူတောင်းစား ခေါင်းပေါင်းဦးငွေလှိုင်နှင့် ဘ၀ခရီးလမ်းကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းနေကြသူများ - ကလောင်စုံ၊ (၈၂) ပဥှာဝါရပဋ္ဌာန်းဝိပဿနာတရားတော် အမှတ်စဉ် (၄) - ဘဒ္ဒန္တဣန္ဒော ဘာသ မဟာထေရ်မြတ်၊ (၈၃) ရှိုးပွဲတစ်ခုတင်ဆက်ခြင်း - စာပေနန်းတော် အယ်ဒီတာအဖွဲ့၊ (၈၄) ဆဋ္ဌသံဂါယနာ မဟာနာယက ညောင်ရမ်း ဆရာတော်ကြီး၏သမိုင်း - ဦးပဏ္ဏိန္ဒာဘိဝံသ၊ (၈၅) ညနိုင်ငံက ပုံပြင် ၃၁ ပုဒ် - ခင်မောင်တိုး (မိုးမိတ်)၊ (၈၆) တစ်ခေတ်က ကျောင်းသုံးစာအုပ်လာ ကလေးကြိုက်ပုံပြင်များ - ခင်မောင်တိုး (မိုးမိတ်)၊ (၈၇) သရဲပူးကပ်နေသော မျက်လုံးနှင့် ဘုတ်၊ ပြိတ္တာ၊ တစ္ဆေဇာတ်လမ်းများ - ဧကန်မင်း၊ (၈၈) အိပ်မက်မြစ်ကမ်းနှင့် အခြား၀တ္ထုတိုများ - ကောင်းမြတ်၊ (၈၉) ဝဋ်ကြွေးရယ်ပြေနှင့် အခြား၀တ္ထုလတ်စုစည်းမှု - ဇော်ညီညီ (နေပြည်တော်)၊ (၉၀) ကြွေ - မြတ်ဝေ၊ (၉၁) ပျော်စရာညစာနှင့် နိုင်ငံတကာရသစုံပုံပြင်များ - ခင်မောင်တိုး (မိုးမိတ်)၊ (၉၂) ဖရိုက်ဒ်ကော်ဖီနှင့် လက်ဆောင်မုန့်များ - သူရနီ၊ (၉၃) ခရေပင်လမ်းခွဲ - ကလောင်စုံ၊ (၉၄) အဝါရောင်သီချင်း - ပြေဇော်၊ မင်းနွယ်သွေး၊ (၉၅) ပြည့်တန်ဆာအမျိုးသမီး ထက် စိတ်ပိုဆိုး နေကြပြီလားနှင့် အခြားဆောင်းပါးများ - ကိုရူပ (ပဲခူး)၊ (၉၆) မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ - နေညိုအောင်၊ (၉၇) အချစ်နဲ့သာ သက်ဆိုင်သည် - သျှင်မ၊ (၉၈) လိပ်ပြာလေးရဲ့ စေစားရာ - ရှင်မြတ်နိုး၊ (၉၉) အချစ်နှောင်ကြိုးလေး - အဝေးဆုံးမှာ - ကြယ်စင်မှူးဝေ၊ (၁၀၀) တိတ်တဆိတ်လေး - မမသဒ္ဒါမောင်