၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) အဖွဲ့အစည်းများကို အမြဲမေးရမည့် အရေးကြီးဆုံးမေးခွန်း (၅) ခု - မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ (၂) အိုရှိုး၏ လွတ်လပ်မှု ဖြူစင်မှုနဲ့သုည - အောင်မေဃ၊ (၃) ဒဏ်ရာများ - မောင်စိုးချိန်၊ (၄) ရခိုင်တို့၏တောင်စဉ်ခုနှစ်ခရိုင်သမိုင်း - ဒွာရာ၀တီ-အသျှင်ကုသလ (ငွေသဇင်)၊ (၅) လူတို့အတွက်သိဖို့ကျင့်ဖို့က ဂရုဓမ္မမြတ်သီလ - ကျော်မောင် (မြိတ်)၊ (၆) အဖေအမေ ၀တ္ထုတိုပေါင်းချုပ် - ဆင်ဖြူကျွန်းအောင်သိန်း၊ (၇) မဃဒေဝ လင်္ကာသစ်လာဣတ္ထိယတို့အကြောင်း - ဦးညွန့်မောင်၊ ဘီအေ၊ ဓမ္မာစရိယအာရ်အယ်လ်၊ (၈) ပြည်ပကဟာဒယရွှင်ဆေး - မောင်ကျေးဇူး၊ (၉) နောက် ကျောဖုံးတွင်ထည့်ရန် - ကလောင်စုံ၊ (၁၀) ဗုဒ္ဓဒဿနဆက်စပ်အတွေးအမြင်စု - ခင်ဦး (ပေါင်းတည်)၊ (၁၁) သိုးပုပ်နေသော မှတ်ဉာဏ်တွဲများ - တည်တံ့၊ (၁၂) ဒေါက်တာဇာကိန်နိုက် ကမ္ဘာကျော်ဟောပြောတင်ပြချက်များ - ပါရမီခင်မောင်၊ (၁၃) ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း - မန်းဖိုးအေး (ဝါးခယ်မ)၊ (၁၄) တိုင်းမင်းကြီးသမီးမှ ညွှန်ကြားရေးမှူးချုပ်ကတော်သို့ - တက္ကသိုလ်မြစိမ်း၊ (၁၅) ရွှေလက်ဖြင့်ထိ၍ ရွှေဖြစ်စေသတည်း - ညီညီနိုင်၊ (၁၆) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (မူကြမ်း) - ဥပဒေသုတေသီခင်ဝင်းမြင့်၊ (၁၇) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်း ဥပဒေ (မူကြမ်း) ၂၀၁၇ - ဥပဒေသုတေသီခင်ဝင်းမြင့်၊ (၁၈) တစ္ဆေနှစ်ကောင်နှင့် အခြားပုံပြင်များ - ဆုပြည့်စုံထွန်း (အယ်ဒီတာအဖွဲ့)၊ (၁၉) မေတ္တာဖွဲ့နှောင် ပန်းလက်ဆောင် - မြစန္ဒီမင်းစိန် (Sandy's Floral)၊ (၂၀) ငြင်းချက်အတွက် မှတ်စုကြမ်း - ဦးသက်ထွန်း ခရိုင်တရားသူကြီး (ငြိမ်း)၊ (၂၁) ကြက်ပေါက် လေးရဲ့ ဟက်ချိုးကြီး - မသဇင်၊ (၂၂) လရောင်နှင့်မီးလျှံ နေရောင်နှင့် အရိပ်၀တ္ထုတိုများ - သန်းဆွေ၊ (၂၃) ရင်နဲ့အနီးဆုံး၀တ္ထုတိုများ - နေဝေး၊ (၂၄) ကာလာမသုတ် [ကေသမုတ္တိသုတ်] - ဒေါက်တာအရှင်တောသနိယဓမ္မ၊ (၂၅) လေလွင့်ကြောင် - သင့်လူ၊ (၂၆) ဂမ္ဘီခင်မိနှင့် အခြား၀တ္ထုတိုများ - ကလောင်စုံ၊ (၂၇) ဒေါင်းက၍တွန်စေသတည်း - မောင်နွေထက်၊ (၂၈) ကြင်နာမှုအနုပညာ - စပယ်အောင်၊ (၂၉) တရားအားထုတ်မှု လမ်းခရီးမှ တရားအမြင်များ (၁) - ဒေါက်တာသစ်လွင် (Dhamma Friends)၊ (၃၀) ရေစုန်နှင့်ရေဆန် - ဦးလှဝင်း (လေသရဲ တစ်ဦး)၊ (၃၁) လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲနည်း - ဇော်ဝင်းကြူ (ပျဉ်းမနား)၊ (၃၂) အွန်လိုင်းပေါ်က တင်နှင်းလှိုင်ဖတ်ဖို့ ခေတ်ပြိုင်ခံစားမှုများ (၂) - ကြည်ဇော်ဝင်း၊ (၃၃) ကိုယ်ဝန်ဆောင် မိခင်လောင်းများသိမှတ်စရာအဖြာဖြာ - ပြုံးသီရိမေ၊ (၃၄) အမှန်မြင်မှ အမြင်မှန်မယ် - အတွေးလှ ဆရာတော်၊ (၃၅) သံယောဇဉ်လေးတွေနှင့် အခြားဓမ္မဆောင်းပါးများ - မောင်မြတ်နိုး၊ (၃၆) နည်းလမ်းအသွယ်သွယ်တရုတ်စကားပြောကြမယ် - မြင့်ထွန်း B.A (Chinese)၊ (၃၇) ဗိုလ်ချုပ် အောင်ဆန်းအမှတ်တရ ဆောင်းပါးအမှတ် (၈) - ကလောင်စုံ၊ (၃၈) နီလကြယ် တက္ကသိုလ်ဝင်တန်းမြန်မာစာ - ဦးဝင်းကျော်လင်း (B.E.D)၊ (၃၉) ရေသောက်မြစ်ကို တူးဖော်ခြင်း - ပန်ဆယ်လို၊ (၄၀) #insomnia - #ညံလင်း၊ (၄၁) ကျွန်တော်ရယ် ထောက်လှန်းရေးရယ် န၀တနှင့် န အ ဖ ရယ် - မှော်ဝန်းသားဦးခင်ညွန့်၊ (၄၂) အိမ် အက်ဆေးများ - ကလောင်စုံ၊ (၄၃) အလင်္ကာကျော်စွာရွှေမန်းတင်မောင် - Quality အယ်ဒီတာအဖွဲ့၊ (၄၄) ဒေါ်နယ်ထရန့် - Quality အယ်ဒီတာအဖွဲ့၊ (၄၅) နှစ် (၁၀၀) ပြည့် အမိရန်ကုန်တက္ကသိုလ် ဂုဏ်ပြုရသစာစု - ဦးမြင့်ကြိုင်၊ (၄၆) ပွင့်သက်မွှေးထုံ ပန်းရဂုံကဗျာစု အမှတ် (၁) - ကလောင်စုံ၊ (၄၇) ဟာသပဒေသာအမှတ် (၂၅) - မောင်ကောင်းထိုက် (နှီးပဒေါ)၊ (၄၈) အရှင်တိလောက ဘိဝံသ၏ အမျိုးစောင့်နှလုံးသား - အရှင်စန္ဒဇောတိ၊ (၄၉) ရခိုင်ပြိုရင် ဗမာငိုရမှာမို့ ရခိုင်အရေး သွေးမအေးနဲ့ - အရှင်စန္ဒဇောတိ (ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံ အောင်)၊ (၅၀) မေတ္တာမိုးကိုမှ ငြိုးရက်လေသူ - မိုးစက်ပွင့်၊ (၅၁) ရင်သို့တိုးဝင် … နားခိုလှည့် - မမသဒ္ဒါမောင်၊ (၅၂) ရိုးမြေကျ ပေါင်းရပါစေသား - လှိုင်းကြာဖြူ (လားရှိုး)၊ (၅၃) အချစ်တေလေ … အချစ်နွေ - ကြယ်စင်မှူးဝေ၊ (၅၄) တစ်မိနစ် အမေရိကန်သမိုင်း - တက္ကသိုလ်ရွှေရည်ဝင်း၊ (၅၅) ဝိပဿနာရှုပုံနည်းလမ်းစုံ - အရှင်သောဘိတ ဓမ္မရတနာ၊ (၅၆) မန်နေဂျာလက်သင်များအတွက် အောင်မြင်ရေးသင်ခန်းစာ (၂၄) ခု - အောင်စည်သာ၊ (၅၇) စင်ကာပူ ကလေးငယ်များ၏ အနှစ်သက်ဆုံးပုံပြင်များ - မမကြီး၊ (၅၈) မဟတ္တမဂန္ဒီ - မောင်ညီညွတ်၊ (၅၉) တစ္ဆေခြောက်သံ - အရှင်စန္ဒဇောတိ၊ (၆၀) ဝိပါတ်ကြမ္မာ မလွတ်သာနှင့် ဝဋ်ကြွေးကြောင့်ခံစားရသူများ - ဧကန်မင်း၊ (၆၁) ဓည၀တီအရေးတော်ပုံမှ အမတ်ကြီး မဟာပညာကျော် လျှောက်ထုံးများ - သန်းထွန်း (လှည်းကူး)၊ (၆၂) လောဘငှက်များ ပျံသန်းခြင်း - နီရွှေမောင်၊ (၆၃) ဆေးဆရာမှတ်စု (၃) - ကြည်လွင်မြင့် (မုဒြာ)၊ (၆၄) ကိန်းဂဏန်းများက ပြောသော ဂဏန်းဗေဒင်နှင့် နေ့ကောင်းရက်သာ ရွေးချယ်နည်းများ - ဆရာဇေယျာမိုး (ဝေဒဗိမ္မာန်)၊ (၆၅) နှုတ်ဆက်ခွင့် လေးပေးသနားပါ - တင့်ဇော်၊ (၆၆) မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ဗုဒ္ဓသာသနာသမိုင်း - ဓမ္မဝီရဒေါက်တာအရှင်တေဇနိယ၊ (၆၇) မွတ်ဆလင်ရှေ့နေ မောင်ကိုနီရဲ့ အခြေခံဥပဒေဘယ်လိုပြင်မှာလဲနှင့် ၁၉၈၂ နိုင်ငံသားဥပဒေ - မောင်သွေးချွန်၊ (၆၈) မိသားစုရွှေစကားဝိုင်း- နတ်မင်းကြီး၊ (၆၉) နုငယ်မေ့မရသည့် ရင်နင့် ပန်းလေးများနှင့် အခြား၀တ္ထုတိုများ - မဂေါ်စီ၊ (၇၀) ကလေးများအတွက် တရုတ်ပုံပြအဘိဓာန် - မြင့်ထွန်း (B.A Geog),CBA (Chinese)၊ (၇၁) စစ်ရေးခြောက်စောင်တွဲ - မော်စီတုန်း၊ (၇၂) ဒီမိုကရေစီခရီးရှည် ဘယ်ခြေညာခြေ - မင်းဗထူး၊ (၇၃) ဦးထိပ်ပန်ရာ ဩဝါဒကထာ - မင်းနန် (မောင်ကျွန်း)၊ (၇၄) ၀ဏ္ဏကျော်ထင် ဦးစိန်အောင်မင်း - Quality အယ်ဒီတာအဖွဲ့၊ (၇၅) အစိုးရ၊ ကုမ္ပဏီ၊ NGO တို့တွင် ပေါ်လစီရေးဆွဲခြင်း၊ ပေါ်လစီပြောင်းလဲခြင်း ဗျူဟာများ - ဒေါက်တာထွန်းဝင်း၊ (၇၆) ငြိမ်းချမ်းသာ၊ အေးချမ်းသာ များစွာနှင့် - ယောဂီ စောလွင်၊ (၇၇) ပီအက်စီ လက်ဆောင် - မိုးခ၊ (၇၈) အိန္ဒိယပြည်တတိယ ကုသိန္ဒာရုံဆရာတော်ဘုရားကြီး - ဆုပြည့်စုံထွန်းအယ်ဒီတာအဖွဲ့၊ (၇၉) အဘယာရာမ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသမဟာထေရ် - ဆုပြည့်စုံထွန်း အယ်ဒီတာအဖွဲ့၊ (၈၀) ပခုက္ကူဆရာတော်ဘုရားကြီး - ဆုပြည့်စုံထွန်း (အယ်ဒီတာအဖွဲ့)၊ (၈၁) ဂျော့ရှ်အိပ်ချ် ဒဗလျူဘွတ်ရှ် - Quality အယ်ဒီတာအဖွဲ့၊ (၈၂) ဗမာ့စောင်း - ဝင်းငြိမ်း၊ (၈၃) လေးစားရမည့် ဝါးပင်တို့၏ သဘာ၀နှင့် စီးပွားဖြစ် ဝါးစိုက်ပျိုးရေး - ဝင်းကျော်ဦး၊ (၈၄) အိုရှိုး၏ သေဆုံးခြင်း အနုပညာ - အောင်မေဃ၊ (၈၅) ကမ္ဘာကို ကိုင်လှုပ်သော ထို (၁၀) ရပ် - တင်ထွေး၊ (၈၆) တရားခွင်မှ အိုက်ခ်မန်း - လင်းယုန် မောင်မောင်၊ (၈၇) ကျွန်တော်နှင့် ပါမောက္ခများ - K ပေါ၊ (၈၈) မင်းသစ်ဇီးရိုးမင်းသစ် ဟီးရိုး - မာန် (တောင်လုံးပြန်)၊ (၈၉) မဖြေရှင်းနိုင်သော ကမ္ဘာကျော် ပဟေဠိများ-၁၀ - ကိုဆွေ (ပန်နိုရာမား)၊ (၉၀) မှော်ဆရာ သင်္ဘောသား - သန်းလွင် (CEO)၊ (၉၁) သူ့နေရာ၊ သူ့စကား၊ ဘောဂဗေဒ - မောင်မောင်စိုး (ဘောဂဗေဒ)၊ (၉၂) ဟိုနား ဒီနား ခရီးသွား - ထက်ကျော်၊ (၉၃) ဘကြီးဘုန်းကြီးရဲ့ ဘကြီးဘုန်းကြီး - ဓမ္မဂင်္ဂါ၊ (၉၄) စစ်အာဏာရှင်များနှင့် မုဒုံသား - ထက်ရဲနိုင်၊ (၉၅) တရုတ်ပြည်သစ်၏ ခေါင်းဆောင် စစ်ရှီကျင့်ဖျင့် - Quality အယ်ဒီတာအဖွဲ့၊ (၉၆) တစ်ပတ်အတွင်း ဝိတ်ချနည်း - ဒေါက်တာအေးမင်းထူး၊ (၉၇) ယိုးဒယား - ဗမာစစ်ပွဲသမိုင်း - ကိုကိုလေး၊ (၉၈) စာပေလက်ရာများ - ဗန်းမော်တင်အောင်၊ (၉၉) အောင်ဆန်းစုကြည်ခံစားမှု - မောင်ကိုကို (အမရပူရ)၊ (၁၀၀) လက်ညှိုးတော်ငါး (ရသစာတမ်းများ) - ချမ်းမင်းအိမ်